test1

ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကို စစ်တွေမြို့တွင် စည်ကားစွာ ကျင်းပ


Western News-မေလ ၂၅ ရက်

၅၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ်တော်မြတ်၌ ယနေ့ မေလ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီမှစတင်ကာ ညနေ ၆ နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။


ကဆုန်ညောင်ရေသွန်းပွဲတော်တွင် အနုပညာရှင် အဆိုတော်များမှလည်း ပွဲတော်သို့ လာရောက်သည့်ဧည့်သည်များကို အဆိုအကများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်