ကုန္စည္စီးဆင္းမႈအဆင္ေျပေစေရးအတြက္ ေညာင္က်ိဳးဂိတ္ကိစၥ ပဲခူးတိုင္းအစိုးရအဖြဲ႔ကိုတင္ျပထား


Western News- ဇင္သန္႔

ၾသဂုတ္ ၂၆ ရက္

ေညာင္က်ိဳးဂိတ္ပိတ္ထားလိုက္သည့္အတြက္ ပဲခူးတိုင္းေဒသႀကီးဖက္မွ ဝင္လာမည့္ ကုန္စည္ႏွင့္ ခရီးသည္မ်ားမွာ ရခိုင္ျပည္နယ္ ေတာင္ကုတ္ဖက္သို႔ မျဖတ္ရေတာ့သလို ေတာင္ကုတ္ဖက္မွ ကုန္စည္ႏွင့္ ခရီးသည္မ်ားမွာလည္း ျဖတ္ေက်ာ္၍ မရသည့္အတြက္ ကုန္စည္စီးဆင္းမႈမ်ား ရပ္တန္႔ခဲ့သည္။

ၿပီးခဲ့သည့္ ၾသဂုတ္ ၂၁ ရက္ေန႔က စတင္ၿပီး ေညာင္းက်ိဳးဂိတ္ကို ကိုဗစ္ ၁၉ ေရာဂါႏွင့္ပက္သက္ကာပဲခူးတုိင္းေဒသႀကီးဖက္မွ ရခုိင္ျပည္နယ္သို႔ ဝင္ေရာက္လာသည့္ ကုန္စည္ႏွင့္ ခရီးသည္မ်ားကို ပိတ္ထားလိုက္ေၾကာင္းအခက္အခဲၾကဳံေနေၾကာင္းသိရသည္။

ေညာင္းက်ိဳးဂိတ္၌ ပိတ္မိေနသူတစ္ခ်ိဳ႕ကိုလည္း တိုင္းႏွင့္ျပည္နယ္အလိုက္ သြားေရာက္ႏိုင္ေရး ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္လာ ေရာက္ၿပီး ဆက္သြယ္ပို႔ေဆာင္ေပးခဲ့သည္ဟု ပန္းေတာင္းၿမိဳ႕နယ္၊ အမွတ္ ၂ မဲဆႏၵနယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုစားလွယ္ ေဒၚဇင္မိုးထိုက္ကေျပာသည္။

“ေညာင္က်ိဳးဆိုတဲ့ေနရာက ေနရာကလည္း အရမ္းက်ယ္တဲ့ေျမေနရာအေနအထားမရွိဘူး။ ေျပာရရင္(ခ်က္တာ) (အေဆာက္ဦး) လည္းမထားႏိုင္ဘူး။ အခုကားသမားေတြက ဘယ္လိုေနရလည္းဆိုေတာ့ သူ႔အစီစဥ္နဲ႔သူ ကားေပၚမွာပဲေနရတာေပါ့။ ရာသီဥကလည္း မိုးကအရမ္းရြာေနေတာ့။ သူ႔တို႔အတြက္လည္း အခက္ခဲရွိမယ္ဆိုတာသိပါတယ္။ ဒီဟာကိုလည္း ျမန္ျမန္ဆန္ဆန္ျဖစ္ႏုိင္ေအာင္ ကြ်န္မတို႔လည္း ညွိ႔ႏိႈင္းေပါင္းစပ္တဲ့ဟာမ်ိဳး ေဆြးေႏြးေပးမဲ့ဟာမ်ိဳးေပါင္းစပ္ထားပါတယ္”ဟုေျပာသည္။

ကုန္စည္းစီးဆင္းမႈအဆင္ေျပႏိုင္ေရးအတြက္ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႔သို႔တင္ျပထားေၾကာင္း ပန္းေတာင္းၿမိဳ႕နယ္၊ အမွတ္ ၂ မဲဆႏၵနယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုစားလွယ္ ေဒၚဇင္မိုးထိုက္ကေျပာသည္။

“ကုန္စည္စီးဆင္းမႈေပါ့ေနာ္ အဓိက အဆင္ေျပေခ်ာေမြ႔ဖို႔အတြက္ ေတာင္ကုတ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တုိင္းေဒသႀကီးကိုယ္စားလွယ္ေတြနဲ႔ ေမးျမန္းၿပီးေတာ့ခ်ိတ္ဆက္တယ္ေပါ့ေနာ္။ ကြ်န္မတို႔ၿမိဳ႕နယ္ဖက္ကိုလည္း ေဒသခံေတြက ျပန္ဝင္လာခ်င္တယ္။ သို႔ေပမဲ့အဲဒါပိတ္ထားတဲ့အတြက္ အခက္အခဲျဖစ္ေနတယ္။ အဲဒါကို မေန႔က ပဲခူးတုိင္းေဒသႀကီးအစိုးရအဖြဲ႔မွာ ကိုဗစ္ ၁၉ နဲ႔ပတ္သက္ၿပီး ေကာ္မတီအစည္းအေဝးလုပ္ပါတယ္။ အစည္းေဝးလုပ္ေတာ့ ရခိုင္ဘက္က ကိုယ္စားလွယ္ေတြေျပာတဲ့ ဟာေရာ၊ ၿပီးေတာ့ ဒီဖက္ကျဖစ္ေနတဲ့အခက္အခဲေတြေရာ ဒီကိုဗစ္ေကာ္မတီအစည္းအေဝးမွာ ေဆြးေႏြးေပးႏုိင္ဖို႔ဆိုၿပီးေတာ့ သတင္းအခ်က္အလက္ကို လွမ္းၿပီးေတာ့ ေပးပါတယ္”ဟုေျပာသည္။

ကိုဗစ္ေကာ္မတီအစည္းေဝးတြင္ ေညာင္းက်ိဳးဂိတ္ကိစၥႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈမွာ ရလဒ္ေကာင္းမ်ားထြက္ေပၚလာၿပီး တိုင္းေဒသႀကီးအစိုးရမွ ညႊန္ၾကားခ်က္ကို ေစာင္းဆုိင္းေနေၾကာင္းလည္းေဒၚဇင္မိုးထိုက္ကဆိုသည္။

Western News- WN

ဓာတ္ပုံ-ဟန္ထူးေဇာ္

ကုန်စည်စီးဆင်းမှုအဆင်ပြေစေရေးအတွက် ညောင်ကျိုးဂိတ်ကိစ္စ ပဲခူးတိုင်းအစိုးရအဖွဲ့ကိုတင်ပြထား

Western News- ဇင်သန့်

သြဂုတ် ၂၆ ရက်

ညောင်ကျိုးဂိတ်ပိတ်ထားလိုက်သည့်အတွက် ပဲခူးတိုင်းဒေသကြီးဖက်မှ ဝင်လာမည့် ကုန်စည်နှင့် ခရီးသည်များမှာ ရခိုင်ပြည်နယ် တောင်ကုတ်ဖက်သို့ မဖြတ်ရတော့သလို တောင်ကုတ်ဖက်မှ ကုန်စည်နှင့် ခရီးသည်များမှာလည်း ဖြတ်ကျော်၍ မရသည့်အတွက် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်နေ့က စတင်ပြီး ညောင်းကျိုးဂိတ်ကို ကိုဗစ် ၁၉ ရောဂါနှင့်ပက်သက်ကာပဲခူးတိုင်းဒေသကြီးဖက်မှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာသည့် ကုန်စည်နှင့် ခရီးသည်များကို ပိတ်ထားလိုက်ကြောင်းအခက်အခဲကြုံနေကြောင်းသိရသည်။

ညောင်းကျိုးဂိတ်၌ ပိတ်မိနေသူတစ်ချို့ကိုလည်း တိုင်းနှင့်ပြည်နယ်အလိုက် သွားရောက်နိုင်ရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်လာ ရောက်ပြီး ဆက်သွယ်ပို့ဆောင်ပေးခဲ့သည်ဟု ပန်းတောင်းမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုစားလှယ် ဒေါ်ဇင်မိုးထိုက်ကပြောသည်။

“ညောင်ကျိုးဆိုတဲ့နေရာက နေရာကလည်း အရမ်းကျယ်တဲ့မြေနေရာအနေအထားမရှိဘူး။ ပြောရရင်(ချက်တာ) (အဆောက်ဦး) လည်းမထားနိုင်ဘူး။ အခုကားသမားတွေက ဘယ်လိုနေရလည်းဆိုတော့ သူ့အစီစဉ်နဲ့သူ ကားပေါ်မှာပဲနေရတာပေါ့။ ရာသီဥကလည်း မိုးကအရမ်းရွာနေတော့။ သူ့တို့အတွက်လည်း အခက်ခဲရှိမယ်ဆိုတာသိပါတယ်။ ဒီဟာကိုလည်း မြန်မြန်ဆန်ဆန်ဖြစ်နိုင်အောင် ကျွန်မတို့လည်း ညှိ့နှိုင်းပေါင်းစပ်တဲ့ဟာမျိုး ဆွေးနွေးပေးမဲ့ဟာမျိုးပေါင်းစပ်ထားပါတယ်”ဟုပြောသည်။

ကုန်စည်းစီးဆင်းမှုအဆင်ပြေနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြထားကြောင်း ပန်းတောင်းမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုစားလှယ် ဒေါ်ဇင်မိုးထိုက်ကပြောသည်။

“ကုန်စည်စီးဆင်းမှုပေါ့နော် အဓိက အဆင်ပြေချောမွေ့ဖို့အတွက် တောင်ကုတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းဒေသကြီးကိုယ်စားလှယ်တွေနဲ့ မေးမြန်းပြီးတော့ချိတ်ဆက်တယ်ပေါ့နော်။ ကျွန်မတို့မြို့နယ်ဖက်ကိုလည်း ဒေသခံတွေက ပြန်ဝင်လာချင်တယ်။ သို့ပေမဲ့အဲဒါပိတ်ထားတဲ့အတွက် အခက်အခဲဖြစ်နေတယ်။ အဲဒါကို မနေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး ကော်မတီအစည်းအဝေးလုပ်ပါတယ်။ အစည်းဝေးလုပ်တော့ ရခိုင်ဘက်က ကိုယ်စားလှယ်တွေပြောတဲ့ ဟာရော၊ ပြီးတော့ ဒီဖက်ကဖြစ်နေတဲ့အခက်အခဲတွေရော ဒီကိုဗစ်ကော်မတီအစည်းအဝေးမှာ ဆွေးနွေးပေးနိုင်ဖို့ဆိုပြီးတော့ သတင်းအချက်အလက်ကို လှမ်းပြီးတော့ ပေးပါတယ်”ဟုပြောသည်။

ကိုဗစ်ကော်မတီအစည်းဝေးတွင် ညောင်းကျိုးဂိတ်ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးမှုမှာ ရလဒ်ကောင်းများထွက်ပေါ်လာပြီး တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားချက်ကို စောင်းဆိုင်းနေကြောင်းလည်းဒေါ်ဇင်မိုးထိုက်ကဆိုသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်