Western News – မေလ ၂၆ ရက်
ယနေ့ ကဆုန်လဆုတ် ၁ ရက်နေ့ မေလ ၂၆ ရက်တွင် ကျရောက်သော ၈ ကြိမ်မြောက်ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ် သံတွဲမြို့၊ ဒွါရာဝတီခန်းမတွင် နံနက် ၉ နာရီမှစ၍ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါ အခမ်းအနားကို သံတွဲမြို့နယ် ငွေသဇင်ဖောင်ဒေးရှင်းနှင့် လူငယ်အဖွဲ့တို့ ပူပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး သံတွဲမြိုနယ်မှ လူမှုအဖွဲ့အစည်းများ၊ ချင်းလူမှုအဖွဲ့အစည်းများနှင့် ဒေသခံများတက်ရောက်ကြကြောင်းသတင်းရရှိသည်။
ရခိုင်ပြည် တတိယဓညဝတီခေတ် ဘုရင်စန္ဒသူရိယမင်း လက်ထက်ကတည်းက ရခိုင်လူမျိုးတို့ တန်ဖိုးထားကိုးကွယ်ခဲ့ကြသည့် မဟာမြတ်မုနိဘုရား သွန်းလုပ်ပြီးစီးသည့်နေ့ကို အစွဲပြု၍ ၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့၌ ကျင်းပသော ရခိုင်အမျိုးသားညီလာခံက ယနေ့ ကဆုန်လဆုတ် ၁ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။
Western News- WN