army statement
test1

အပစ်ရပ်ကာလ ​၁ လထပ်တိုးကြောင်း စစ်ကောင်စီကြေညာ


Western News – မေလ ၃၁ ရက်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို ၁ လ တပ်တိုးလိုက်ကြောင်း စစ်ကောင်စီက မေလ ၃၀ ရက်နေ့တွင်ထုတ်ပြန်ကြေညာသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် အပစ်ခတ်ရပ်စဲရေးကို ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တပ်တိုးကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင်ရေးသည်။

ဇွန်လ ၁ ရက်မနက်ဖြန်တွင်ဖွင့်မည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ ခြေခံကျောင်းများတွင်တက်ရောက်မည့် ကျောင်းသားများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရန်အတွက်အလည်း ယခုကဲ့သို့ ပစ်ခတ် ရပ်စဲမှုကို ၁ လ ထပ်တိုးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် ဧပြီလတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ၁ လ ထပ်တိုး ထုတ်ပြန်ခဲ့သော်လည်း တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်သားလက်နက် ကိုင် တပ်ဖွဲ့များဖြစ်သည့် ကရင်အ မျိုးသားအစည်းအရုံး( KNU- KNLA)တို့နှင့် ကရင်ပြည်နယ်တွင်တိုက်ပွဲများဖြစ်ပွား နေ ပြီး NCA လက်မှတ် မရေးထိုးထားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်တို့နှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်