တပ်မတော်မှ ထုတ်ပြန်သည့် စပါးထားဖြစ်စဉ် မိသားစုဝင်များ ပြောဆိုမှုနှင့် ကွဲလွဲချက်များရှိနေ

Report

Western News သတင်းဌာန

စက္တင္ဘာ  ၁ ရက္

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာနေ ဦးရဲကျော်ထွန်း၏ နေအိမ်၌ AA အဖွဲ့သို့ပို့မည့် ဆန်အိတ် ၈၀ ခန့်ကို သို့လှောင်ထားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်စဉ် တွေ့ရှိခဲ့ကြောင်း တပ်မတော်မှ စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် သိုလှောင်ထားသည့် ဆန်အိတ်များမှာ အေအေ အားထောက်ပံ့ရန် ရိက္ခာအတွက် သိုလှောင်ထားခြင်း ဖြစ်သည်ဟု ပါရှိသည်။ ယင်းသို့တပ်မတော်မှ ထုတ်ပြန်မှုအပေါ် ဦးရဲကျော်ထွန်း၏ မိသားစုဝင်များက မတရားစွပ်စွဲထားခြင်း သာဖြစ်ကြောင်း တပ်မတော်မှ ထုတ်ပြန်ချက်ကို ငြင်းဆိုလိုက်သည်။

တပ်မတော်စစ်ကြောင်းတစ်ခုမှ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က စပါးထားကျေးရွာသို့ ဝင်ရောက်လာပြီး နေအိမ်များကို စစ်ဆေးမှုပြုလုပ်စဉ် ဦးရဲကျော်ထွန်း၏နေအိမ်လည်း ပါဝင်ပြီး ၎င်းမှာဆန်စက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ စစ်တွေသို့ ပို့ဆောင်ရန်စပါးများကို ကြိတ်၍ထားရှိခြင်းဖြစ်ကြောင်း ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူ မစုလှိုင်ဦးကပြောသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင်မှု သြဂုတ်လ ၃၁ ရက်နေ နံနက်ပိုင်းတွင် စပါးထားကျေးရွာအတွင်း လုံခြုံရေးစစ်ဆေးမှု ဆောင်ရွက်ခြင်းဟု ထုတ်ပြန်ပြီး မိသားစုဝင်များနှင့် ရွာသားများက ညနေ ၆ နာရီအချိန်ခန့်ဟု ဆိုသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုပြုလုပ်သည့် အချိန်မှာ ဦးရဲကျော်ထွန်း၏ မိသားစုဝင်များပြောဆိုမှုနှင့်ကွဲလွဲနေသည်။

“မတရားစွပ်စွဲတာပါ။ ဒါကျွန်မတို့ဆန်တွေ၊ ကျွန်မတို့ဆန်အိတ်တွေပါ။ အကုန်လုံးသက်သေပြလို့ရပါတယ်။ မြို့ကိုတင်မလို့ ဒီနေ့လာယူမယ်လို့လည်း ပြောပြီးသားပါ ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူ မစုလှိုင်ဦးက”ဟု ပြောသည်။

အဆိုပါစစ်ကြောင်းမှာ ဦးရဲကျော်ထွန်း၏ နေအိမ်သို့ဝင်ရောက်ရှာဖွေပြီး ဆန်အိတ်များကိုမြင်တွေ့သွားပြီးနောက် ဦးရဲထွန်းကျော်ကို ခေါ်ဆောင်ကာ ကျေးရွာအတွင်းမှထွက်သွားပြီး ညနေ ၉ နာရီအချိန်တွင် ကျေးရွာသို့ပြန်လည် ရောက်ရှိလာကာ ဆန်အိတ်များကို ယူဆောင်သွားကြောင်းလည်းပြောသည်။

#“ဆန်အိတ်အများရှိတဲ့အတွက် အဖေကိုခေါ်သွားကြတယ်။ ပြီးတော့ သူတို့ပြန်သွားကြတယ်။ ၉ နာရီနီးပါးမှာပြန်လာပြီးတော့ ဆန်အိတ် ၇၃ အိတ်ကိုယူသွားကြတယ်။ သူတို့လာတော့ အဖေမပါတော့ဘူး။ ဆန်တင်မယ့် ဇက်ထက်မှာပါတယ်လို့တော့ ပြောသံကြားတယ်။ အဖေနဲ့တော့ အဆက်သွယ်မရသေးပါဘူး။ ဒီကိစ္စဟာလည်း မတရားစွပ်စွဲထားတာပါ။ အဲဒါကြောင့် အဖေ့ကိုပြန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ် ”ဟုလည်း ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူကပြောသည်။

#တပ်မတော်ထုတ်ပြန်ချက်တွင် ဆန်အိတ် ၈၀ ဟုထုတ်ပြန်ထားပြီး ယင်းအရေအတွက်မှာလည်း မိသားစုဝင်များ၏ ပြောဆိုသည့် ဆန်အိတ်အရေအတွက်နှင့် ကွဲလွဲနေသည်။ မိသားစုဝင်များပြောဆိုသည့် ဆန်အိပ်အရေအတွက်မှာ ၇၃ အိတ်ဖြစ်သည်။

%အေအေ၏ ရိက္ခာများဟုတပ်ကထုတ်ပြန်ထားသည့်ဆန်အိပ်များမှာ စစ်တွေမြို့ဆန်ပွဲရုံသို့တင်ပို့ရန်ထားရှိသည့် ဆန်အိပ်များသာဖြစ်နေ

ဦးရဲကျော်ထွန်း၏ ဦးလေးဖြစ်သူပြောကြားချက်အရ ဦးရဲကျော်ထွန်းပိုင်ဆိုင်သည့် ဆန်စက်မှာ ၎င်း၏ ဦးလေးတော်စပ်သူက ၂၀၀၈ ခုနှစ်မှစပြီး စပါးထားကျေးရွာ၌ လုပ်ကိုင်လာခဲ့ရာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ဦးရဲကျော်ထွန်းက ဝယ်လိုက်ခြင်းဖြစ်ကာ ပိုင်ဆိုင်မှုအမည်တွင် ဦးရဲကျော်ထွန်းအမည်နှင့် သာရှိသည်။

အဆိုပါဆန်စက်မှာ ယခင်ကနှစ်စဉ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုန်သွယ်လယ်ယာ၌ အခွန်ဆောင်ကာ လိုင်စင်ပြုလုပ်ခဲ့ထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှ စတင်ကာ တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် လိုင်စင်လုပ်၍မရတော့ကြောင်းပြောဆိုသည်။

“တိုင်းပြည်မကောင်းတဲ့အခါ မြို့နယ်တွေက လိုင်စင်လုပ်လို့မပေးတော့ဘူး။ အရင်ပထမပိုင်းက ကျွန်တော်တို့ လုပ်ခဲ့တဲ့အချိန်က နှစ်တိုင်းအခွန်ဆောင်ရတယ်။ အခုတော့ တိုင်းပြည်မကောင်းတဲ့အတွက် ငွေလက်ခံမဲ့သူ လည်းမရှိတော့ဘူး”ဟုပြောသည်။

ဦးရဲကျော်ထွန်းသည် လယ် ၁၅ ဧကခန့်လုပ်ကိုင်ကာ မိမိလယ်မှထွက်သည့် စပါးများနှင့် ရွာမှစပါးများကို ကြိတ်ခွဲကာရောင်းချနေသူ တစ်ဦးလည်းဖြစ်ကြောင်း Western News မှ စုံစမ်းသိရှိရသည်။

#ဦးရဲကျော်ထွန်း၏ ဆန်အိတ်များကို ရောင်းချပေးနေသူ၏ ပြောကြားချက်အရ ဦးရဲကျော်ထွန်းတို့မိသားစုသည် မိမိတို့စက်မှ ကြိတ်ခွဲ ထားသည့် ဆန်များကို ပုဏ္ဏားကျွန်းမြို့နယ် အောင်စည်ကုန် ကျေးရွာနေ ဒေါ်သန်းစိန်နုက၎င်းတို့ကိုယ်တိုင်ရောင်းချနေသည် ဟုပြောသည်။  

ကျွန်မက ဆန်မှုန့်၊ ဆန်ခွဲတွေဝယ်တယ်။ အဲဒီစက်က ဆန်တွေကိုလည်း မြို့ကိုထည့်ပေးတယ်။ မြို့ကိုထည့်လို့ စရိတ်များရင် ကျွန်မလှေနဲ့ တင်ပေးတယ်။ မြို့ကို သူတို့ကလည်း မြို့ကိုမသွားချင်ဘူး စရိတ်ခ ကိုက်ရင် ကျွန်မကို ယူသွားဆိုတော့ ကျွန်မလည်း ယူပြီးတော့ မြို့မှာရောင်းတယ်။ သူတို့ထည့်ပေးအခါထည့်ပေးတယ်။ ကျွန်မ အကုန်ဝယ်သွားတဲ့အခါလည်း ဝယ်သွားတယ်။ ဆန်၊ ဆန်ခွဲ၊ ဆန်မှုန့်အကုန်”ဟုဒေါ်သန်းစိန်နုကပြောသည်။

အေအေ ရိက္ခာဆန်အိတ်များဟု တပ်မတော်က ယူဆောင်သွားသည့် ဆန်အိတ်များမှာလည်း ဒေါ်သန်းစိန်နုဝယ် ယူရန်ပြောဆို ထားသည့်ဆန်များဖြစ်သလို ယင်းဆန်များကို ပွဲရုံ၌တင်နိုင်ရန်အတွက် လတ်တလော၌ ဆန်အဝယ်ထိုင်းနေခြင်း၊ ပွဲရုံများတွင် ဘောက်ချ ချက်ချင်းမပြတ်နိုင်ခြင်း၊ ငွေကိုရက်ချင်းမချေနိုင်သည့်အတွက် ဆန်ကိုကြိတ်ထားပြီး ယခုရက်ပိုင်းတွင် ယူဆောင်ရန် ဦးရဲကျော်ထွန်း၏ ဇနီးဖြစ်သူနှင့်ပြောဆိုထားကြောင်းလည်းဆိုသည်။

“ဆန်အဝယ်ထိုင်းနေတယ်၊ ဝယ်သားကမရောက်ဘူးအခု။ ဆိုတော့ဝယ်တဲ့သူနည်းနေတဲ့အတွက် အစ်မတို့ကို ပေးမယ့်ငွေကို ရက်ချင်း မချေနိုင်ဘူး။ ပွဲရုံမှာဒီနေ့တင်လိုက်ရင် ဒီနေ့ဘောင်ချမပြတ်ဘူး။ သုံးလေးငါးရက်ထားရတယ်။ အဲဒါကြောင့် ဆန်ကိုထိုးထားပါ နောက်တစ်ရက်၊ နှစ်ရက်လောက်နေရင် ယူမယ်လို့ ကျွန်မကပြောထားတယ်”ဟုပြောသည်။

ဦးရဲကျော်ထွန်းဆန်စက်မှ ဆန်များကိုဝယ်ယူပြီး စစ်တွေပွဲရုံတွင်ရောင်းချသည့်ငွေဘောက်ချာ

ဆန်များကိုစစ်တွေမြို့ရှိ ဦးစောလှမောင်ဆန်ပွဲရုံနှင့် ဒေါ်ညိုမ ဆန်ပွဲရုံများတွင်အမြဲရောင်း ချကြောင်းလည်းပြောသည်။

Western News မှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုဆက်သွယ်မေးမြန်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးကို တပ်မတော်မှ စက်တင်ဘာလ ၁ ရက်နေ့က ခေါ်ဆောင်သွားသည့်အတွက် အဆက်သွယ်မရခဲ့ပေ။ သို့သော် ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့သူ အုပ်ချုပ်ရေးမှူး၏ ဇနီးက ယခုကဲ့သို့ပြောဆိုသည်။

တပ်တော်မှ ကျေးရွာသို့ဝင်ရောက်လာစဉ် အုပ်ချုပ်ရေးမှူးမှာ လကုန်ရက်ဖြစ်သဖြင့် အစည်းအဝေးတက်ရောက်လျှက်ရှိသည်။ ကျေးရွာအတွင်းမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကိုခေါ်ပြီး အိမ်ခြေနှင့် လူဦးရေများကိုမေးကြောင်းပြောပြီး ကျေးရွာကို စစ်ဆေးကြည့်လိုကြောင်း၊ ဆန်စက်မည်မျှရှိ သည်ကိုမေးမြန်းကာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် အတူ လှည့်ပတ်ကြည့်ကြ ကြောင်းဆိုသည်။

အုပ်ချုပ်ရေးမှူးကျေးရွာသို့ရောက်ရှိစဉ် ဒုတိယအကြိမ်တစ်ကြိကျေးရွာအတွင်းသို့ လှည့်လည်ကြည့်ရူခဲ့ကြောင်းဆိုသည်။  

“ကျွန်မယောင်္ကျားက ချက်ချင်းလာတယ်။ ကျွန်မကဖုန်းဆက်လိုက်တယ်။ ဒီမှာလူကြီးတွေရောက် နေတယ်လို့။ သူရောက်တော့ အုပ်ကြီးဒီရွာမှာအိမ်ခြေဘယ်လောက်ရှိလဲမေးတယ်။ သူက ၃၅၀ လို့ဖြေတယ်။ အဲဒီလိုမေးပြီးတော့ နောက်တစ်ခေါက်ရွာကို ပတ်ကြတယ်။ ဆန်စက်တွေကိုလည်းလှည့်ပတ်ကြည့်တယ်” အုပ်ချုပ်ရေးမှူးဇနီးက ပြောဆိုသည်။

ဦးရဲကျော်ထွန်း၏ ဆန်စက်အတွင်းပိုင်း

ကျေးရွာအတွင်းဒုတိယအကြိမ်လှည်ပတ်ကြည့်ကြပြီး အုပ်ချုပ်ရေးမှူးအိမ်သို့ပြန်လည်ရောက်ရှိကြစဉ် ဗိုလ်မှူးဖြစ်သူထံကို ဖုန်းတစ်လုံးဝင်လာပြီး ဗိုလ်မှူးဖြစ်သူမှာ အပြင်ထွက်ပြီးဖုန်းပြောကြောင်း ယင်းနောက်တွင် အုပ်ချုပ်ရေးမှူးအား ရဲကျော်ထွန်း ဆန်စက်ရှိသည့်နေရာကိုမေးသည့်အတွက် အုပ်ချုပ်ရေးမှူးမှ လက်ဖြင့်ညွှန်ပြခဲ့သည်ဟုဆိုသည်။

“ဗိုလ်မှူးက အပြင်ကိုထွက်ပြီး ဖုန်းတစ်ခွန်း နှစ်ခွန်းပြောတယ်။ ပြောပြီးတော့ အုပ်ကြီး ရဲကျော်ထွန်းဆန်စက်ဘယ်မှာ လည်းလို့ ပေးတယ်။ ဟိုမှာပါလို့ပြတော့ အဲဒါဆို လာ သွားမယ်ဆိုပြီးသွားကြတယ်။ အဲဒီအချိန်မှှာ ရဲကျော်ထွန်းက လယ်ပြင်ကလာလို့ ရေချိုးနေတယ်။ ဆိုတော့ ဦးရဲကျော်ထွန်းကို မေးစရာတစ်ခွန်း နှစ်ခွန်းရှိတယ်ဆိုပြီးတော့ စစ်တွေကိုခေါ်သွားတယ်”ဟု အုပ်ချုပ်ရေးမှူးဇနီးက ပြောဆိုသည်။

ဦးရဲကျော်ထွန်းကိုခေါ်သွားပြီးနောက်တွင် တပ်မတော်ဖက်မှ အုပ်ချုပ်ရေးမှူးထံသို့ဖုန်းဆက်ကာ ဦးရဲကျော်ထွန်း၏ ဆန်များကို ရွှေမင်းဂံကိုပို့ဆောင်ပေးရန်ပြောဆိုသည်။ ဆန်များကိုပို့ဆောင်ရန် စက်လှေမရှိသည့်အတွက် ပို့ဆောင်၍ မရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်လည် ပြောကြားခဲ့သည်။

ယင်းသို့ပြောဆိုပြီးနောက်မကြာခင်ဇက်ရေယာဉ်ဖြင့်တပ်မတော်မှရောက်ရှိလာခဲ့သည်။

#ကျွဲနွားမပျောက်ဆုံးကြောင်းလက်မှတ်ထိုးပေးရ

အုပ်ချုပ်ရေးမှူးကိုခေါ်ကာ ဦးရဲကျော်ထွန်း၏ ဆန်စက်မှဆန်များကို ယူသွားကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဦးရဲကျော်ထွန်း၏ ဆွေမျိုးတစ်ဦးကို အသိသက်သေအဖြစ်ထားကာ အုပ်ချုပ်ရေးမှူးကိုလက်မှတ်ရေးထိုးခိုင်းကြောင်းပြောဆိုသည်။

ယင်းစာတွင် ခမရ (၂၄၃)မှ ဗိုလ်မှူးကျော်ဇင်ထွန်းဦးစီးပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာတွင် ပြည်သူများ ကြည်ဖြူစွာလက်ခံကြောင်း၊ ဦးရဲကျော်ထွန်း၏ ဆန်ဂိုဒေါင်မှ ဆန်အိတ် ၇၃ တို့ကို လုံခြုံရေးအရ ခေတ္တထိန်းသိမ်းထားခြင်းမှတပါး ကျွဲ၊ နွား မည့်သည့်ပစ္စည်းမှ ပျောက်ဆုံးမှုမရှိကြောင်းကို ထောက်ခံကြောင်းပါရှိသည်။

ယခုလိုဖမ်းဆီးခြင်းသည် ကျေးလက်များတွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသည့် ဆန်စပါးလုပ်ငန်းရှင် များ၊ ဆန်စပါးများ လက်ဝယ်ထားရှိသည့် တောင်သူများအနေဖြင့် စိုးရိမ်ရကြောင်းလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား Western News မှ ဆက်သွယ်မေးမြန်းရာတွင် ရခိုင်ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်ပြီး နေအိမ်တိုင်းမှာ ဆန်စပါးရှိကြောင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့်တာဝန်မှာ အစိုးရဖြစ်ပြီး၊ ဖမ်းဆီးစစ်ဆေးမှုများတွင်လည်း ခိုင်မာသည့် အကြောင်းပြချက်ရှိမှ သာလုပ်ဆောင်သင့်သည့် ဟုဆိုသည်။

“ဒီအရာကတော့ ဘယ်အာဏာပိုင်မဆို ရမ်းသမ်းပြီးလုပ်ခွင့်မရှိဘူး။ အကြောင်းအကျိုးခိုင်လုံရမယ်။ မြို့တွေမှာဆိုရင် ရှာဖွေပုံစဉ်တွေတောင်းရသေးတယ်။ ပြည်သူလူထုကိုနားလည်အောင်ပြောရတယ်။ စစ်ဥပဒေအရ စစ်ဆင်ရေးနယ်မြေဆိုလျှင်လည်း ပြည်သူလူထုကို နားလည်အောင် ဘယ်ဥပဒေအရ ဘယ်လိုလုပ်တယ်ဆိုတာ၊ အရေးပေါ်ဝင်ဖမ်းရင်လည်း စစ်ဥပဒေအရ အသိပေးရမယ်”ဟုဆိုသည်။

ဦးရဲကျော်ထွန်းဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်အား Western News မှဆက်သွယ်မေးမြန်းရာတွင် ယခုလိုပြောဆိုခဲ့သည်။

“သူက AA နဲ့ဆက်သွယ်နေလို့လေ။ သူဝန်ခံတယ်။ AA ရဲ့ဆန်တွေကိုစုထားတာ။ ဆန်အိတ် ၈၀ လောက်ရှိတယ်။ ဝန်ခံတော့ ငါတို့တရားစွဲမယ် အမှုဖွင့်မယ်”ဟုပြောဆိုခဲ့သည်။

ဦးရဲကျော်ထွန်း၏ ဇနီးဖြစ်သူပြောကြားချက်အရ ဦးရဲကျော်ထွန်းမှာ လေဖြတ်ထား၍ ကျန်မာရေး မကောင်းမွန်သလို AA နှင့် လည်းအဆက်အသွယ်မရှိကြောင်း ယခုကိစ္စမှာလည်း မနာလိုသူများက တိုက်ခိုက်ခြင်းသာဖြစ်ပြီး ကြောက်၍ဝန်ခံခြင်းသာ ဖြစ်နိုင်ကြောင်းပြောဆိုသည်။

“အသက် ၄၀ ငါးဆယ်ရှိပြီး အေအေနဲ့ဆက်သွယ်ဖို့ပြောတယ်။ ကျန်မာရေးမကောင်းလို့ လေဖြတ်ထားတာ ခြေတစ်ဖက်တောင် သိပ်မကောင်းသေးဘူး။ လူတိုက်တာပါ။ လုံးဝအဆက်သွယ်မရှိပါ။ စပါးထား ရွာသားတွေလည်းသိပါတယ်။ ကြောက်လို့သာ ပြောတာဖြစ်မယ်”ဟု ဇနီးဖြစ်သူကပြောဆိုသည်။

ဦးရဲကျော်ထွန်း၏ ဆန်စက်အတွင်းမှ ဆန်အိတ်များမှာ AA ကိုပို့ဆောင်မည့်ဆန်အိတ်များဟုတ်၊ မဟုတ် ရက္ခိုင့်တပ်တော် ဖက်ကို ဆက်သွယ်မေးမြန်းရန် ဥပဒေကြောင်းအရ အခက်အခဲရှိသဖြင့် မဆက်သွယ်နိုင်ခဲ့ပေ။

ဦးရဲကျော်ထွန်းဆန်များမှ အပ တစ်ခြားမည်သည့်ပစ္စည်းမှ မယူဆောင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်

စပါးထားကျေးရွာတွင် ယခင်ကလည်း တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ပြီး နေအိမ်တစ်ချို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ ဖူးကြောင်းလည်း ဒေသခံများကပြောသည်။  စက်တင်ဘာလ ၁ ရက်နေ့တွင်လည်း ကျေးရွာအတွင်း ရှာဖွေမှုများပြုလုပ်နေကြသည့် အတွက် ကျေးရွာသားတစ်ချို့မှာ တိမ်းရှောင်နေကြရသည်ဟု ပြောဆိုကြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ရာတွင် ဖမ်းဆီးရမိသူ ဦးရဲထွန်းကျော်နှင့် ဆန်အိတ်များကို စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်၍ ဥပဒေနှင့် အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါရှိသည်။

တပ်မတော်မှ ထုတ်ပြန်သည့် စပါးထားဖြစ်စဉ် မိသားစုဝင်များ ပြောဆိုမှုနှင့် ကွဲလွဲချက်များရှိနေ

Report

Western News သတင်းဌာန

စက်တင်ဘာ  ၁ ရက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာနေ ဦးရဲကျော်ထွန်း၏ နေအိမ်၌ AA အဖွဲ့သို့ပို့မည့် ဆန်အိတ် ၈၀ ခန့်ကို သို့လှောင်ထားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်စဉ် တွေ့ရှိခဲ့ကြောင်း တပ်မတော်မှ စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် သိုလှောင်ထားသည့် ဆန်အိတ်များမှာ အေအေ အားထောက်ပံ့ရန် ရိက္ခာအတွက် သိုလှောင်ထားခြင်း ဖြစ်သည်ဟု ပါရှိသည်။ ယင်းသို့တပ်မတော်မှ ထုတ်ပြန်မှုအပေါ် ဦးရဲကျော်ထွန်း၏ မိသားစုဝင်များက မတရားစွပ်စွဲထားခြင်း သာဖြစ်ကြောင်း တပ်မတော်မှ ထုတ်ပြန်ချက်ကို ငြင်းဆိုလိုက်သည်။

တပ်မတော်စစ်ကြောင်းတစ်ခုမှ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က စပါးထားကျေးရွာသို့ ဝင်ရောက်လာပြီး နေအိမ်များကို စစ်ဆေးမှုပြုလုပ်စဉ် ဦးရဲကျော်ထွန်း၏နေအိမ်လည်း ပါဝင်ပြီး ၎င်းမှာဆန်စက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ စစ်တွေသို့ ပို့ဆောင်ရန်စပါးများကို ကြိတ်၍ထားရှိခြင်းဖြစ်ကြောင်း ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူ မစုလှိုင်ဦးကပြောသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင်မှု သြဂုတ်လ ၃၁ ရက်နေ နံနက်ပိုင်းတွင် စပါးထားကျေးရွာအတွင်း လုံခြုံရေးစစ်ဆေးမှု ဆောင်ရွက်ခြင်းဟု ထုတ်ပြန်ပြီး မိသားစုဝင်များနှင့် ရွာသားများက ညနေ ၆ နာရီအချိန်ခန့်ဟု ဆိုသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုပြုလုပ်သည့် အချိန်မှာ ဦးရဲကျော်ထွန်း၏ မိသားစုဝင်များပြောဆိုမှုနှင့်ကွဲလွဲနေသည်။

“မတရားစွပ်စွဲတာပါ။ ဒါကျွန်မတို့ဆန်တွေ၊ ကျွန်မတို့ဆန်အိတ်တွေပါ။ အကုန်လုံးသက်သေပြလို့ရပါတယ်။ မြို့ကိုတင်မလို့ ဒီနေ့လာယူမယ်လို့လည်း ပြောပြီးသားပါ ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူ မစုလှိုင်ဦးက”ဟု ပြောသည်။

အဆိုပါစစ်ကြောင်းမှာ ဦးရဲကျော်ထွန်း၏ နေအိမ်သို့ဝင်ရောက်ရှာဖွေပြီး ဆန်အိတ်များကိုမြင်တွေ ့သွားပြီးနောက် ဦးရဲထွန်းကျော်ကို ခေါ်ဆောင်ကာ ကျေးရွာအတွင်းမှထွက်သွားပြီး ညနေ ၉ နာရီအချိန်တွင် ကျေးရွာသို့ပြန်လည် ရောက်ရှိလာကာ ဆန်အိတ်များကို ယူဆောင်သွားကြောင်းလည်းပြောသည်။

#“ဆန်အိတ်အများရှိတဲ့အတွက် အဖေကိုခေါ်သွားကြတယ်။ ပြီးတော့ သူတို့ပြန်သွားကြတယ်။ ၉ နာရီနီးပါးမှာပြန်လာပြီးတော့ ဆန်အိတ် ၇၃ အိတ်ကိုယူသွားကြတယ်။ သူတို့လာတော့ အဖေမပါတော့ဘူး။ ဆန်တင်မယ့် ဇက်ထက်မှာပါတယ်လို့တော့ ပြောသံကြားတယ်။ အဖေနဲ့တော့ အဆက်သွယ်မရသေးပါဘူး။ ဒီကိစ္စဟာလည်း မတရားစွပ်စွဲထားတာပါ။ အဲဒါကြောင့် အဖေ့ကိုပြန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ် ”ဟုလည်း ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူကပြောသည်။

#တပ်မတော်ထုတ်ပြန်ချက်တွင် ဆန်အိတ် ၈၀ ဟုထုတ်ပြန်ထားပြီး ယင်းအရေအတွက်မှာလည်း မိသားစုဝင်များ၏ ပြောဆိုသည့် ဆန်အိတ်အရေအတွက်နှင့် ကွဲလွဲနေသည်။ မိသားစုဝင်များပြောဆိုသည့် ဆန်အိပ်အရေအတွက်မှာ ၇၃ အိတ်ဖြစ်သည်။

%အေအေ၏ ရိက္ခာများဟုတပ်ကထုတ်ပြန်ထားသည့်ဆန်အိပ်များမှာ စစ်တွေမြို့ဆန်ပွဲရုံသို့တင်ပို့ရန်ထားရှိသည့် ဆန်အိပ်များသာဖြစ်နေ

ဦးရဲကျော်ထွန်း၏ ဦးလေးဖြစ်သူပြောကြားချက်အရ ဦးရဲကျော်ထွန်းပိုင်ဆိုင်သည့် ဆန်စက်မှာ ၎င်း၏ ဦးလေးတော်စပ်သူက ၂၀၀၈ ခုနှစ်မှစပြီး စပါးထားကျေးရွာ၌ လုပ်ကိုင်လာခဲ့ရာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ဦးရဲကျော်ထွန်းက ဝယ်လိုက်ခြင်းဖြစ်ကာ ပိုင်ဆိုင်မှုအမည်တွင် ဦးရဲကျော်ထွန်းအမည်နှင့် သာရှိသည်။

အဆိုပါဆန်စက်မှာ ယခင်ကနှစ်စဉ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုန်သွယ်လယ်ယာ၌ အခွန်ဆောင်ကာ လိုင်စင်ပြုလုပ်ခဲ့ထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှ စတင်ကာ တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် လိုင်စင်လုပ်၍မရတော့ကြောင်းပြောဆိုသည်။

“တိုင်းပြည်မကောင်းတဲ့အခါ မြို့နယ်တွေက လိုင်စင်လုပ်လို့မပေးတော့ဘူး။ အရင်ပထမပိုင်းက ကျွန်တော်တို့ လုပ်ခဲ့တဲ့အချိန်က နှစ်တိုင်းအခွန်ဆောင်ရတယ်။ အခုတော့ တိုင်းပြည်မကောင်းတဲ့အတွက် ငွေလက်ခံမဲ့သူ လည်းမရှိတော့ဘူး”ဟုပြောသည်။

ဦးရဲကျော်ထွန်းသည် လယ် ၁၅ ဧကခန့်လုပ်ကိုင်ကာ မိမိလယ်မှထွက်သည့် စပါးများနှင့် ရွာမှစပါးများကို ကြိတ်ခွဲကာရောင်းချနေသူ တစ်ဦးလည်းဖြစ်ကြောင်း Western News မှ စုံစမ်းသိရှိရသည်။

#ဦးရဲကျော်ထွန်း၏ ဆန်အိတ်များကို ရောင်းချပေးနေသူ၏ ပြောကြားချက်အရ ဦးရဲကျော်ထွန်းတို့မိသားစုသည် မိမိတို့စက်မှ ကြိတ်ခွဲ ထားသည့် ဆန်များကို ပုဏ္ဏားကျွန်းမြို့နယ် အောင်စည်ကုန် ကျေးရွာနေ ဒေါ်သန်းစိန်နုက၎င်းတို့ကိုယ်တိုင်ရောင်းချနေသည် ဟုပြောသည်။ 

“ကျွန်မက ဆန်မှုန့်၊ ဆန်ခွဲတွေဝယ်တယ်။ အဲဒီစက်က ဆန်တွေကိုလည်း မြို့ကိုထည့်ပေးတယ်။ မြို့ကိုထည့်လို့ စရိတ်များရင် ကျွန်မလှေနဲ့ တင်ပေးတယ်။ မြို့ကို သူတို့ကလည်း မြို့ကိုမသွားချင်ဘူး စရိတ်ခ ကိုက်ရင် ကျွန်မကို ယူသွားဆိုတော့ ကျွန်မလည်း ယူပြီးတော့ မြို့မှာရောင်းတယ်။ သူတို့ထည့်ပေးအခါထည့်ပေးတယ်။ ကျွန်မ အကုန်ဝယ်သွားတဲ့အခါလည်း ဝယ်သွားတယ်။ ဆန်၊ ဆန်ခွဲ၊ ဆန်မှုန့်အကုန်”ဟုဒေါ်သန်းစိန်နုကပြောသည်။

အေအေ ရိက္ခာဆန်အိတ်များဟု တပ်မတော်က ယူဆောင်သွားသည့် ဆန်အိတ်များမှာလည်း ဒေါ်သန်းစိန်နုဝယ် ယူရန်ပြောဆို ထားသည့်ဆန်များဖြစ်သလို ယင်းဆန်များကို ပွဲရုံ၌တင်နိုင်ရန်အတွက် လတ်တလော၌ ဆန်အဝယ်ထိုင်းနေခြင်း၊ ပွဲရုံများတွင် ဘောက်ချ ချက်ချင်းမပြတ်နိုင်ခြင်း၊ ငွေကိုရက်ချင်းမချေနိုင်သည့်အတွက် ဆန်ကိုကြိတ်ထားပြီး ယခုရက်ပိုင်းတွင် ယူဆောင်ရန် ဦးရဲကျော်ထွန်း၏ ဇနီးဖြစ်သူနှင့်ပြောဆိုထားကြောင်းလည်းဆိုသည်။

“ဆန်အဝယ်ထိုင်းနေတယ်၊ ဝယ်သားကမရောက်ဘူးအခု။ ဆိုတော့ဝယ်တဲ့သူနည်းနေတဲ့အတွက် အစ်မတို့ကို ပေးမယ့်ငွေကို ရက်ချင်း မချေနိုင်ဘူး။ ပွဲရုံမှာဒီနေ့တင်လိုက်ရင် ဒီနေ့ဘောင်ချမပြတ်ဘူး။ သုံးလေးငါးရက်ထားရတယ်။ အဲဒါကြောင့် ဆန်ကိုထိုးထားပါ နောက်တစ်ရက်၊ နှစ်ရက်လောက်နေရင် ယူမယ်လို့ ကျွန်မကပြောထားတယ်”ဟုပြောသည်။

ဆန်များကိုစစ်တွေမြို့ရှိ ဦးစောလှမောင်ဆန်ပွဲရုံနှင့် ဒေါ်ညိုမ ဆန်ပွဲရုံများတွင်အမြဲရောင်း ချကြောင်းလည်းပြောသည်။

Western News မှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုဆက်သွယ်မေးမြန်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးကို တပ်မတော်မှ စက်တင်ဘာလ ၁ ရက်နေ့က ခေါ်ဆောင်သွားသည့်အတွက် အဆက်သွယ်မရခဲ့ပေ။ သို့သော် ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့သူ အုပ်ချုပ်ရေးမှူး၏ ဇနီးက ယခုကဲ့သို့ပြောဆိုသည်။

တပ်တော်မှ ကျေးရွာသို့ဝင်ရောက်လာစဉ် အုပ်ချုပ်ရေးမှူးမှာ လကုန်ရက်ဖြစ်သဖြင့် အစည်းအဝေးတက်ရောက်လျှက်ရှိသည်။ ကျေးရွာအတွင်းမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကိုခေါ်ပြီး အိမ်ခြေနှင့် လူဦးရေများကိုမေးကြောင်းပြောပြီး ကျေးရွာကို စစ်ဆေးကြည့်လိုကြောင်း၊ ဆန်စက်မည်မျှရှိ သည်ကိုမေးမြန်းကာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် အတူ လှည့်ပတ်ကြည့်ကြ ကြောင်းဆိုသည်။

အုပ်ချုပ်ရေးမှူးကျေးရွာသို့ရောက်ရှိစဉ် ဒုတိယအကြိမ်တစ်ကြိကျေးရွာအတွင်းသို့ လှည့်လည်ကြည့်ရူခဲ့ကြောင်းဆိုသည်။ 

“ကျွန်မယောင်္ကျားက ချက်ချင်းလာတယ်။ ကျွန်မကဖုန်းဆက်လိုက်တယ်။ ဒီမှာလူကြီးတွေရောက် နေတယ်လို့။ သူရောက်တော့ အုပ်ကြီးဒီရွာမှာအိမ်ခြေဘယ်လောက်ရှိလဲမေးတယ်။ သူက ၃၅၀ လို့ဖြေတယ်။ အဲဒီလိုမေးပြီးတော့ နောက်တစ်ခေါက်ရွာကို ပတ်ကြတယ်။ ဆန်စက်တွေကိုလည်းလှည့်ပတ်ကြည့်တယ်” အုပ်ချုပ်ရေးမှူးဇနီးက ပြောဆိုသည်။

ကျေးရွာအတွင်းဒုတိယအကြိမ်လှည်ပတ်ကြည့်ကြပြီး အုပ်ချုပ်ရေးမှူးအိမ်သို့ပြန်လည်ရောက်ရှိကြစဉ် ဗိုလ်မှူးဖြစ်သူထံကို ဖုန်းတစ်လုံးဝင်လာပြီး ဗိုလ်မှူးဖြစ်သူမှာ အပြင်ထွက်ပြီးဖုန်းပြောကြောင်း ယင်းနောက်တွင် အုပ်ချုပ်ရေးမှူးအား ရဲကျော်ထွန်း ဆန်စက်ရှိသည့်နေရာကိုမေးသည့်အတွက် အုပ်ချုပ်ရေးမှူးမှ လက်ဖြင့်ညွှန်ပြခဲ့သည်ဟုဆိုသည်။

“ဗိုလ်မှူးက အပြင်ကိုထွက်ပြီး ဖုန်းတစ်ခွန်း နှစ်ခွန်းပြောတယ်။ ပြောပြီးတော့ အုပ်ကြီး ရဲကျော်ထွန်းဆန်စက်ဘယ်မှာ လည်းလို့ ပေးတယ်။ ဟိုမှာပါလို့ပြတော့ အဲဒါဆို လာ သွားမယ်ဆိုပြီးသွားကြတယ်။ အဲဒီအချိန်မှှာ ရဲကျော်ထွန်းက လယ်ပြင်ကလာလို့ ရေချိုးနေတယ်။ ဆိုတော့ ဦးရဲကျော်ထွန်းကို မေးစရာတစ်ခွန်း နှစ်ခွန်းရှိတယ်ဆိုပြီးတော့ စစ်တွေကိုခေါ်သွားတယ်”ဟု အုပ်ချုပ်ရေးမှူးဇနီးက ပြောဆိုသည်။

ဦးရဲကျော်ထွန်းကိုခေါ်သွားပြီးနောက်တွင် တပ်မတော်ဖက်မှ အုပ်ချုပ်ရေးမှူးထံသို့ဖုန်းဆက်ကာ ဦးရဲကျော်ထွန်း၏ ဆန်များကို ရွှေမင်းဂံကိုပို့ဆောင်ပေးရန်ပြောဆိုသည်။ ဆန်များကိုပို့ဆောင်ရန် စက်လှေမရှိသည့်အတွက် ပို့ဆောင်၍ မရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်လည် ပြောကြားခဲ့သည်။

ယင်းသို့ပြောဆိုပြီးနောက်မကြာခင်ဇက်ရေယာဉ်ဖြင့်တပ်မတော်မှရောက်ရှိလာခဲ့သည်။

#ကျွဲနွားမပျောက်ဆုံးကြောင်းလက်မှတ်ထိုးပေးရ

အုပ်ချုပ်ရေးမှူးကိုခေါ်ကာ ဦးရဲကျော်ထွန်း၏ ဆန်စက်မှဆန်များကို ယူသွားကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဦးရဲကျော်ထွန်း၏ ဆွေမျိုးတစ်ဦးကို အသိသက်သေအဖြစ်ထားကာ အုပ်ချုပ်ရေးမှူးကိုလက်မှတ်ရေးထိုးခိုင်းကြောင်းပြောဆိုသည်။

ယင်းစာတွင် ခမရ (၂၄၃)မှ ဗိုလ်မှူးကျော်ဇင်ထွန်းဦးစီးပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာတွင် ပြည်သူများ ကြည်ဖြူစွာလက်ခံကြောင်း၊ ဦးရဲကျော်ထွန်း၏ ဆန်ဂိုဒေါင်မှ ဆန်အိတ် ၇၃ တို့ကို လုံခြုံရေးအရ ခေတ္တထိန်းသိမ်းထားခြင်းမှတပါး ကျွဲ၊ နွား မည့်သည့်ပစ္စည်းမှ ပျောက်ဆုံးမှုမရှိကြောင်းကို ထောက်ခံကြောင်းပါရှိသည်။

ယခုလိုဖမ်းဆီးခြင်းသည် ကျေးလက်များတွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသည့် ဆန်စပါးလုပ်ငန်းရှင် များ၊ ဆန်စပါးများ လက်ဝယ်ထားရှိသည့် တောင်သူများအနေဖြင့် စိုးရိမ်ရကြောင်းလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား Western News မှ ဆက်သွယ်မေးမြန်းရာတွင် ရခိုင်ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်ပြီး နေအိမ်တိုင်းမှာ ဆန်စပါးရှိကြောင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့်တာဝန်မှာ အစိုးရဖြစ်ပြီး၊ ဖမ်းဆီးစစ်ဆေးမှုများတွင်လည်း ခိုင်မာသည့် အကြောင်းပြချက်ရှိမှ သာလုပ်ဆောင်သင့်သည့် ဟုဆိုသည်။

“ဒီအရာကတော့ ဘယ်အာဏာပိုင်မဆို ရမ်းသမ်းပြီးလုပ်ခွင့်မရှိဘူး။ အကြောင်းအကျိုးခိုင်လုံရမယ်။ မြို့တွေမှာဆိုရင် ရှာဖွေပုံစဉ်တွေတောင်းရသေးတယ်။ ပြည်သူလူထုကိုနားလည်အောင်ပြောရတယ်။ စစ်ဥပဒေအရ စစ်ဆင်ရေးနယ်မြေဆိုလျှင်လည်း ပြည်သူလူထုကို နားလည်အောင် ဘယ်ဥပဒေအရ ဘယ်လိုလုပ်တယ်ဆိုတာ၊ အရေးပေါ်ဝင်ဖမ်းရင်လည်း စစ်ဥပဒေအရ အသိပေးရမယ်”ဟုဆိုသည်။

ဦးရဲကျော်ထွန်းဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်အား Western News မှဆက်သွယ်မေးမြန်းရာတွင် ယခုလိုပြောဆိုခဲ့သည်။

“သူက AA နဲ့ဆက်သွယ်နေလို့လေ။ သူဝန်ခံတယ်။ AA ရဲ့ဆန်တွေကိုစုထားတာ။ ဆန်အိတ် ၈၀ လောက်ရှိတယ်။ ဝန်ခံတော့ ငါတို့တရားစွဲမယ် အမှုဖွင့်မယ်”ဟုပြောဆိုခဲ့သည်။

ဦးရဲကျော်ထွန်း၏ ဇနီးဖြစ်သူပြောကြားချက်အရ ဦးရဲကျော်ထွန်းမှာ လေဖြတ်ထား၍ ကျန်မာရေး မကောင်းမွန်သလို AA နှင့် လည်းအဆက်အသွယ်မရှိကြောင်း ယခုကိစ္စမှာလည်း မနာလိုသူများက တိုက်ခိုက်ခြင်းသာဖြစ်ပြီး ကြောက်၍ဝန်ခံခြင်းသာ ဖြစ်နိုင်ကြောင်းပြောဆိုသည်။

“အသက် ၄၀ ငါးဆယ်ရှိပြီး အေအေနဲ့ဆက်သွယ်ဖို့ပြောတယ်။ ကျန်မာရေးမကောင်းလို့ လေဖြတ်ထားတာ ခြေတစ်ဖက်တောင် သိပ်မကောင်းသေးဘူး။ လူတိုက်တာပါ။ လုံးဝအဆက်သွယ်မရှိပါ။ စပါးထား ရွာသားတွေလည်းသိပါတယ်။ ကြောက်လို့သာ ပြောတာဖြစ်မယ်”ဟု ဇနီးဖြစ်သူကပြောဆိုသည်။

ဦးရဲကျော်ထွန်း၏ ဆန်စက်အတွင်းမှ ဆန်အိတ်များမှာ AA ကိုပို့ဆောင်မည့်ဆန်အိတ်များဟုတ်၊ မဟုတ် ရက္ခိုင့်တပ်တော် ဖက်ကို ဆက်သွယ်မေးမြန်းရန် ဥပဒေကြောင်းအရ အခက်အခဲရှိသဖြင့် မဆက်သွယ်နိုင်ခဲ့ပေ။

စပါးထားကျေးရွာတွင် ယခင်ကလည်း တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ပြီး နေအိမ်တစ်ချို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ ဖူးကြောင်းလည်း ဒေသခံများကပြောသည်။  စက်တင်ဘာလ ၁ ရက်နေ့တွင်လည်း ကျေးရွာအတွင်း ရှာဖွေမှုများပြုလုပ်နေကြသည့် အတွက် ကျေးရွာသားတစ်ချို့မှာ တိမ်းရှောင်နေကြရသည်ဟု ပြောဆိုကြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ရာတွင် ဖမ်းဆီးရမိသူ ဦးရဲထွန်းကျော်နှင့် ဆန်အိတ်များကို စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်၍ ဥပဒေနှင့် အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါရှိသည်။

#

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်