test1

Green Sittwe လူငယ်များ ဦးစီးဖွင့်လှစ်သည့် ရွေ့လျားစာကြည်တိုက် စာဖတ်သူများလာ


Western News – မေ ၂၈ ရက်
Green Sittwe လူငယ်များက ဦးစီးဖွင့်လှစ်လျှက်ရှိသော ရွေ့လျားစာကြည့်တိုက်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားပြီး လူငယ်များ စိတ်ဝင်တစားလာရောက်ဖတ်ရှုလျှက်ရှိကြသည်။

ယင်းစာကြည်တိုက်အား အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် ဖွင့်လှစ်လျှက်ရှိပြီး လက်ရှိတွင် ရာသီဥတုပေါ်မူတည်၍ နေရာပြောင်းရွေ့ သွားမည်ဟု Green Sittwe အဖွဲ့မှ မလှမိုးတာရာလှိုင်က ပြောသည်။

”ကျွန်မတို့ဒီစာကြည်တိုက် အဓိကဖွင့်ဖြစ်တဲ့ ရွယ်ရည်ချက်ကတော့ စာအုပ်စာပေတွေနဲ့ လူတွေပြန်လည်ထိတွေလာစေဖို့နှင့် လူတွေဟာ စာအုပ်ကိုချစ်လာစေဖို့,အတွက်အဓိကရည်ရွယ်ပြီးဖွင့်တာပါဟု” ပြောသည်။

ထိုစာကြည့်တိုက်တွင် သုတစာပေ၊ ရသစာပေ၊ကလေးများအတွက် ကာတွန်းစာစောင်များနှင့် ကဗျာစာအုပ်များ၊ နိုင်ငံခြားဘာသာပြန် စာအုပ်များနှင့် ရခိုင်ကဗျာစာအုပ်တို့စသည့် စာအုပ်ပေါင်း ၄၀၀ ကျော်ကို စီစဉ်ဌားရမ်းလျှက်ရှိသည်။
အဆိုပါရွေ့ပြောင်း စာကြည်တိုက်အား အပတ်စဉ် စနေ နေ့တိုင်း ညနေ ၄ နာရီမှ ညနေ ၇ နာရီအထိဖွင့်လှစ်လျှက်ရှိသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်