Western News- ဇွန်လ ၁ ရက်
ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ အခြေခံပညာသင်ကျောင်းများစတင်ဖွင့်လှစ်သည့် အတွက် ကျောင်းသား/သူများ ကျောင်းစတင်တက်ရောက်ကြပြီဖြစ်သည်။
ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ၂၀၂၀ခုနှစ် သြဂုတ်လကတည်းက ပိတ်ထားသည့် အခြေခံပညာသင်ကျောင်း များယနေ့ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။
စာသင်ကျောင်းများတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ စာသင်ခန်းတစ်ခန်းစီတွင် ကျောင်း/ကျောင်းသူ ၂၅ဦးစီ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ၂ နှစ်ကျော်ကြာ စာသင်ခွင့်မရသည့် မြို့နယ်အချို့မှ ကျောင်းသား/သူများလည်း ယနေ့မှ စတင်ကျောင်းတက်ခွင့်ရနေကြပြီဖြစ်သည်။
Western News-WN