Aung Man Aarakan state
test1

ဦးမင်းအောင်အား စစ်အချုပ်ခန်းမှ ရဲအချုပ်ခန်းသို့ လွှဲပြောင်းပေးရန် မိသားစုများတောင်းဆို


Western News- ဇွန် ၂ ရက်

အာဏာသိမ်းမှုကြောင့် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့၍ ဖမ်းဆီးခြင်းခံခဲ့ရသည့် တောင်ကုတ်မြို့နယ် NLD အမတ်ဟောင်း ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ဇွန်လ ၁ ရက်နေ့က တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဦးမင်းအောင်တို့ကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေ ၂၀ ဦးထိရှိပြီး ယမန်နေ့က ရုံးချိန်းတွင် လိုပြသက်သေ နှစ်ဦး ဖြစ်သည့် သိမ်တောင်ရပ်ကွက် အုပ်ချူပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦးအားစစ်ဆေးခဲ့ကာ ဇွန်လ ၁၅ ရက်နေသို့ထပ်မံချိန်းဆို လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးမင်းအောင်အား တောင်ကုတ်မြို့ခမရ ၅၄၄ တပ်ရင်းတွင် ဖမ်းဆီးထားပြီး ရှေ့နေနှင့် လွတ်လပ်စွာ တွေဆုံခွင့်မရသဖြင့် အမှုသည်အတွက် နစ်နာမှုတွေရှိနေသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သိင်္ဂီမောင်ကပြောသည်။

“တကယ်တော့ ချုပ်ရမန်ပေးထားတာက တောင်ကုတ်မြို့မရဲစခန်းမှာပဲ ချုပ်ဖို့ဆိုပြီးချုပ်ရမန်ပေးထားတာလေ။ အခုလက်ရှိ အခြေနေအရ ကျွန်မ၏ အမှုသည်ကိုတပ်ထဲမှာထိန်းသိမ်းထားတယ်။ တပ်ထဲကို ရှေ့နေအနေနဲ့ သွားတွေ့ဖို့လည်း ကျွန်မ သက်ဆိုင်ရာမြို့မရဲစခန်း ရဲမှူးကတစ်ဆင့်တွေ့ခွင့်တောင်းတယ်။ အခုထိတော့တွေခွင့်မရသေးဘူး။ အဲတော့ သူ့အတွက် နစ်နာမှုတွေရှိတယ်”

ဟုပြောသည်။

March for democracy led by U man aung member of NLD, aRAKAN
သူတို့နှစ်ဦးအား တောင်ကုတ်မြို့နယ်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ(၂၅)ဖြင့် သံတွဲမြိုနယ်သဘာဝ ဘေးအန္တရာယ်နှင့် ကာကွယ်ရေးပစ္စည်းထိန်းသိမ်းရေးဌာနမှ ဒုဦးစီးဒေါ်မြင့်ဇူသန်းမှ တရားလိုလုပ်ပြီးစွဲဆိုထားခြင်းဖြစ်ပြီသည်။ ယင်းအပြင် ငြိမ်းစုစီပုဒ်မ (၁၉)အား တောင်ကုတ်မြို့မ ရဲစခန်းမှ ဒုရဲမှူးဇော်လတ်က တရားလိုလုပ်ကာ စွဲဆိုထားခြင်းဖြစ်သည်။

ဦးမင်းအောင်အား တပ်တွင်းချုပ်ထားသောကြောင့် ဆေးဝါးများပို့ဆောင်၍ မရသဖြင့် သူမ၏ ခင်ပွန်းအား ရဲစခန်းတွင် ထိန်းသိမ်းထားစေချင်ကြောင်း ဦးမင်းအောင်၏ ဇနီး မမြဝတ်ရည်ကပြောသည်။

“သူအတွက်စိတ်ပူပါတယ်။ အဓိကတော့ သူမှာသွေးတိုးရှိတယ်လေ။ သွေးတိုးရှိတာကြောင့်အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တယ်။ မိသားစုတွေကတော့ စိုးရိမ်စိတ်တွေရှိတာပေါ့။ နောက်ပြီးဆေးကုခွင့်တွေရရှိစေချင်တယ်။ သူ့ကို ရဲအချုပ်ခန်းထဲမှာပဲ ထားရမှာလို့ တရားသူကြီးကလည်းပြောထားပြီးဖြစ်တယ်။ ဒါပေမယ့်သူတို့ကမထားဘူးပေါ့။ ကျွန်မတို့ကတော့ သူ့ကို ရဲစခန်းမှာပဲထားစေချင်တယ်”

ဟုသူမကပြောသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ နှစ်ဦးတွင် ကိုသန့်ဇင်ဖြိုးအား ဆေးစာအထောက်အထားဖြင့် အာမခံပေးထား၍ ပြင်ပကနေရုံးတက်နေရကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ကပြောသည်။

ဦးမင်းအောင်တို့၏ အမှုတွင် တရားလိုနှင့် လိုပြပါသက်သေ ၂၀ ဦးရှိပြီး ယင်းအထဲတွင် ၁၇ ဦးစစ်ဆေးပြီးဖြစ်ရာ နောက်ထပ် အမှုစစ်တစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် မယက စာရေးတစ်ဦးတို့စစ်ဆေးရန်ကျန်ရှိနေသေးသည်ဟု အမှုလိုက်ရှေ့ကပြောသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်