ရွာကိုဖြိုပြီး တိုင်းပြည်ကိုတည်ဆောက်ကြလေသလား

Western News- ဆောင်းပါး။ ကျော်လင်း(ရောင်စုံ)
စက်တင်ဘာ ၁၆ ရက်

အိမ်မှာချည်ထား‌သောနွားကိုချစ်တီးကုလားဆွဲယူပြီးအကြွေးဖြင့်သိမ်းသွားသည်။ ချစ်တီးနှင့် အတူပုလိပ်များကသေနတ်တကားကားနှင့် ကပ်ပါလာသည်။ ဆင်းရဲသားမိသားစုများက ငိုယိုတောင်းပန်နေသည့်ကြားမှ ပမာမခန့်လုယက်သွားသည်။ ရွာတွေကိုဂျပန်တွေလာလျှင် တစ်ရွာလုံးနီးစပ်ရာကိုထွက်ပြေးကြရသည်။ မပြေးနိုင်သူများကို သူပုန်နဲ့အဆက်အစပ်ရှိသူများဟု ဂျပန်များကစွပ်စွဲပြီးရိုက်နှက် ထုထောင်းကြသည်။ စသည့် ဇာတ်လမ်းများကိုမြန်မာဗွီဒီယိုများတွင် ကြည့်ခဲ့ရတုန်းက လူအတော်များများဧစိတ်ထဲတွင် တောက်တခေါက်ခေါက်ခံစားကြရသည်။

တိုင်းတစ်ပါးသားတို့ ကျူးကျော်မှုကိုခံရသည့်အခါ အိုးပစ်အိမ်ပစ်ထွက်ပြေးကြရသည်။ အသက်အိုးအိမ်စည်းစိမ်တို့အတွက် အာမခံချက် မရှိသောကျီးလန့်စာစား ဘဝဖြင့်နေထိုင်ကြရသည်ဆိုသောအတွေးများဖြင့် မတော်မတရားအုပ်ချုပ်သူတို့၏လုပ်ရပ်များကို အော့နှလုံးနာကြသည်။ ဗွီဒီယိုဇာတ်လမ်းများမှာဖြစ်ပျက်ခဲ့သလို လက်တွေ့တွင်လည်း အင်္ဂလိပ်၊ ဂျပန် စသည့်လူမျိုးတို၏ အောက်ကိုရောက်ရှိခဲ့သည်မြန်မာပြည်သားများမှာ ငါတို့မြေမှတိုင်းတစ်ပါးသားများကိုတိုက်ထုတ်ရမည်ဆိုသောအတွေးဖြင့် အနယ်နယ်အရပ်ရပ်မှ လူမျိုးစုံ အားလုံးက နိုင်သည့်ဖက်မှတွန်းလှန်ခဲ့သည့်အဆုံး၊ကမ္ဘာ့ခေတ်ပြိုင်နိယာမကလည်း အခွင့်ပေးသည့်အတွက် မြန်မာနိုင်ငံသည်လည်း လွတ်လပ်သောတိုင်းပြည်တစ်ခုအဖြစ်တည်ရှိ လာခဲ့ပါသည်။

သို့သော် ပထမစာပိုဒ်မှာဖော်ပြခဲ့သလို လက်နက်အားကိုးဖြင့် ဗိုလ်ကျစိုး မိုးမှု၊ အားရှိသူနှင့်ပေါင်းပြီး အားနည်းသူ လက်နက်မဲ့ပြည်သူများ နိုင်ထက်စီးနင်းပြုမှုတို့သည် ဆုံးခန်းတိုင်ခဲ့သလားဆိုလျှင် သမိုင်းဖြတ်သန်းမှုမှသည် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကို သုံးသပ်ကြည့်လျှင်ပင် တွေးဆနိုင်ပါသည်။

ယုံကြည်မှု ကတိကဝတ်ဖြင့်တည်ဆောက်ခဲ့သောမြန်မာ့နိုင်ငံရေးထဲမှ ပင်လုံကတိသည်လည်း ယနေ့ထက်ထိအကောင်အထည် မဖော်နိုင်သလို ပြည်တွင်းစစ်သည်လည်း ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ဗမာတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တခြားရှမ်း ၊ ကချင်၊ ချင်းအစရှိသည့်ကိုယ်စားလှယ် ၂၇ ဦးတို့က ၁၉၄၇ ဖေဖော်ဝါရီ ၁၂ တွင် ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ကြသည်။ ယင်းကဲ့သို့ချုပ်ဆိုကြရာတွင် ရှမ်းစော်ဘွားများ တောင်းဆိုသည့်အချက်ဖြစ်သည့် ပြည်ထောင်စုအတွင်းပူးပေါင်းပါဝင် မှုကိုကျေနပ်မှု မရှိလျှင် ဆယ်နှစ်ကြာသည့်အခါ ခွဲထွက်ခွင့်ပြုရန်ဆိုသောအချက်ကိုသဘောတူညီမှုရှိခဲ့ကြပါသည်။ လက်တွေ့တွင် ခွဲထွက်ခွင့်ကို မဆိုထားနှင့်ဖက်ဒရယ် ဆိုသောစကားလုံးသည်ပင်တိုင်းပြည်အတွက်အန္တရာယ်ကြီးမားသောစကားလုံးအဖြစ် သတ်မှတ်ခံရသော အမှောင်ခေတ်ကို ပြည်သူတစ်ရပ်လုံးခံစားခဲ့ရသည်။

တိုင်းပြည်ကိုစစ်အာဏာဖြင့်သိမ်းသောဖြစ်စဉ်များကိုပြန်ကြည့်လိုက်လျှင် တိုင်းပြည်တွင် တိုက်ပွဲများပြင်းထန်လာလျှင် ဗမာလူမျိုးခေါင်းဆောင်များသည် ညီညွှတ်လေ့ရှိသော သာဓကရှိပါသည်။ ၁၉၅၈ မေလတွင် ဖဆပလပါတီအတွင်းတွင် ဦးဗဆွေ-ဦးကျော်ငြိမ်း တို့၏ “တည်မြဲဖဆပလ” နှင့် ဦးနု၏ “သန့်ရှင်းဖဆပလ” တို့ဆိုပြီး နှစ်ခြမ်းကွဲသွားဖူးသည်။ ယင်းဖြစ်စဉ်နောက်ပိုင်းတွင်တော့ တိုင်းပြည်မငြိမ်မသက်ဖြစ်လာပြီး ၁၉၅၈ စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီတွင် ဦးနုက တိုင်းပြည်သို့ရေဒီယာမှတဆင့် ပြောကြားရာတွင်” တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေများအပေါ် ထိခိုက်လွှမ်းမိုးလာနိုင်သော အနေအထားကြောင့် အစိုးရအာဏာကို သိမ်းယူပါရန်” ဆိုသောဖိတ်ခေါ်မှုကို ပြုခဲ့ပါသည်။

ဆိုလိုသည်မှာ စစ်တပ်ကအာဏာသိမ်းခြင်းမှာသနားစရာကောင်းသော ဝန်ကြီးချုပ်ဦးနုကိုဗိုလ်ချုပ်နေဝင်းကလက်နက်အားကိုးဖြင့် အာဏာသိမ်းလိုက်သည်ဆိုသောကာကွယ်နေသောစာသားများထက် အရေးကြုံလျှင်ဗဟိုအစိုးရနှင့်တပ်မတော်တို့၏ ချိတ်ဆက်မှု၊ အပြန်အလှန်သဘောထားများသည် ယခုကာလမှတွင်မဟုတ်ဆိုသော အချက်ပင်ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် စစ်တပ်၏ဆိုးရွားစွာဖိနှိပ်ခဲ့မှု၊ လက်နက်အားကိုးဖြင့်အနိုင်စားမှုဆို သည့်စစ်အာဏာရှင်စနစ်တွင် ပြုမှုဆောင်ရွက်ခဲ့သောလုပ်ရပ်များကိုဦးတည်ချက်ထားလိုသည်မဟုတ်ဘဲ မြန်မာနိုင်ငံတွင်ပြည်သူများအနေဖြင့် စစ်တပ်၏ နိုင်ထက်စီးနင်းမှုကိုခံစားနေရမှုသည် စစ်တပ်အပေါ်တွင် ထိန်းကျောင်းမှုနည်းသောအုပ်စုများကြောင့်ဆိုသည့်ဖက်က တင်ပြလိုက်ရခြင်းဖြစ်သည်။

ခေတ်အဆက်ဆက် အစိုးရဖြစ်သူတို့၏စကားများမှာ ပြည်သူဖက်ကလည်းလိုအပ်သည်။ ပြည်သူကပြည်သူလိုနေလျှင် အန္တရာယ် မရှိနိုင်ဆိုသောစကားပင်ဖြစ်သည်။ သို့ဆိုလျှင် ပြည်သူကပြည်သူလိုနေခဲ့လျှင် ၈၈ ဆိုသောသမိုင်းဝင်ဆန္ဒပြပွဲကြီးများလည်း မပေါ်နိုင်ပေ။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးလည်း မပေါ်ပေါက်နိုင်ပေ။ နိုင်ငံရေးခေါင်းဆောင်၊ အမျိုးသားရေးခေါင်းဆောင်ဆိုသည်မှာ ပြည်သူများစွာကထောက်ခံအားပေးကြ၍သာ ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ သို့သော် နိုင်ငံရေးခေါင်းဆောင်များတွေးလေ့ရှိသည်မှာ အစိုးရဖြစ်သွားလျှင် ပြည်သူက ပြည်သူလိုအေးအေးဆေးဆေးနေရမည်ဟူ၏။ အလွန် တရာမှယုတ္တိမဲ့သောစကားဖြစ်ပါသည်။ ယခုခေတ်အခြေအနေကိုပဲကြည့်ပါ။ ဘယ်ပြည်သူက အရောင်ကင်းနေပါသနည်း၊ ဘယ်ပြည်သူက ပါတီစွဲ၊ ဘက်စွဲကင်းနေပါသနည်း။ သို့သော် မတူကွဲပြားမှုကိုနားလည်ခြင်းသည် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည်ဆိုသည်ကို ဒီမိုကရေစီကိုလိုလားပါသည်ဆိုသော သူများက ပြောင်ပြောင်တင်းတင်းဆန့်ကျင်မှုပြုနေကြခြင်းကိုခပ်စိပ်စိပ်တွေ့လာရပါသည်။

ဆောင်းပါးအစတွင်ဖော်ပြခဲ့သည်ကိုပြန်ဆက်ရလျှင် ဗွီဒီယိုထဲတွင် မြင်ရသောအဓမ္မမှု၊ လက်နက်အားကိုးမှုဖြင့်နိုင်ထက်စီးနင်းပြုမှုပုံတို့ကို အော့နှလုံးနာကြသော်ငြား လက်တွေ့မိမိတို့၏တိုင်းပြည်အနှံ့တွင် ယင်းကဲ့သို့ဖြစ်ရပ်များကို မျက်ဝါးထင်ထင်မြင်ရ၊ သတင်းစကားများကို ကြားသိကြရသော်လည်း မတရားမှုကိုအော့နှလုံးနာပါသည် ဆိုသောသူများကိုယ်တိုင် ဘောလုံးပွဲကိုအရသာခံပြီးကြည့်နေနိုင်သလို ကြည့်နေနိုင်ကြသည်မှာ ပို၍ အော့နှလုံးနာစရာကိစ္စများဖြစ်နေပါသည်။

ယခုနှစ်ပိုင်းတွင်တိုးပွားလာနေသော ရခိုင့်စစ်မြေပြင်ကိစ္စရပ်များဆိုလျှင် တချို့ကစစ်ကို ဖိတ်ခေါ်၍ဖြစ်ရသည်ဆိုသောဆင်ခြေဖြင့် ထင်မြင်ချက်များပေးသည်ကိုတွေ့ရပါသည်။ စစ်ကိုဖိတ်ခေါ်သည်ဆိုလျှင် စစ်ဘာကြောင့်ဖြစ်ရသည်ဆိုသော အကြောင်းတရားကလည်း အထင်အရှားရှိခဲ့သည်။ ခေါင်းဆောင်လုပ်သူများ၏ပေါ်လစီယိမ်းယိုင်မှု ကိုထောက်ပြရန် လက်ရှောင်ပြီး ပြည်သူကိုသာအပြစ် မြင်တတ်သူများမှာ မှန်ကန်သော သိမှုနယ်ပယ်ကိုလိုလားသူများမဟုတ်ပေ။

ဖိနှိပ်မှုသည် မတရားလျှင် ခုခံတော်လှန်မှုသည် ဖိနှိပ်မှုထံမှထွက်ပေါ်လာသောအကျိုးဆက်ဖြစ်သည်။ အင်္ဂလိပ်ခေတ်က ကြမ်းတမ်းရက်စက်ခဲ့သည်ကိုတွေးမိတိုင်းအသည်းနာသူများသည်လည်းကောင်း၊ စစ်အာဏာရှင်စနစ်၏ ဆိုးရွားမှုကိုအပြစ်တင်သူများ သည်လည်းကောင်း တိုင်းပြည်၏ နေရာအနှံ့က ပြည်တွင်းစစ်များတွင်တော့ လုပ်သင့်လို့လုပ်ရသောတိုက်ပွဲဖြစ် သယောင်သံယောင် လိုက်နေကြသည်ကိုတွေ့ရသည်။ အားကြီးသူက သဘောထားမကြီးပဲ ပေါ်လာရင်ဖိနှိပ်လိုက်မည်ဆိုသောစိတ်ဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကိုမရနိုင်ပေ။ တစ်သောင်းပေးဖို့ရှိသည်ကို တစ်ရာပေးပြီးဖျော်ဖြေရေးလုပ်ပြနေရုံနှင့်လည်း ငြိမ်းချမ်းရေးမရနိုင်ပေ။

ခုခံမှုသည်ရိုင်းစိုင်းမှုဖြစ်သည်ဆိုသည်ကိုအာဏာလက်ဝယ်ရှိသူများ၊ လက်နက်ဖြင့် နိုင်ထက်စီးနင်းလုပ်တတ်သူများကအနက်ဖွင့် တတ်ပါသေးသည်။ ဂျဝါဟလာနေရူး၏ သမီးသို့ပေးစာများစာအုပ်ထဲမှ “ ယဉ်ကျေးမှုဆိုသည်မှာ” ဆိုသောပေးစာထဲတွင် “သေနတ်ရှိသူက သေနတ်မရှိသူထက် ပိုပြီးအင်အားကြီးနေတဲ့အတွက် ပိုပြီးယဉ်ကျေး သွားသလားသမီး၊ ယဉ်ကျေးသူဖြစ်ဖြစ်၊ မဖြစ်ဖြစ် အားနည်းသူကတော့ သူ့ကိုသွားပြီး “ ခင်ဗျားက မယဉ်ကျေးဘူး” လို့တော့ မပြောရဲဘူးလေ။ ဒီလိုပြောလိုက်ရင် အင်အားရှိသူက ဒေါသထွက်ပြီး သေနတ်နဲ့ပစ်သတ်လိုက်ရင် သူ့ခမျာ ဘာတတ်နိုင်မှာတုန်း” လို့ထည့်ရေးခဲ့ဖူးပါသည်။

ယခုလည်း ရခိုင့်စစ်မြေပြင်တွင် အင်အားကြီးသော ယဉ်ကျေးသူများက ဖမ်းဆီးပြီးသတ်ဖြတ်လိုက်သည့်လူသေအလောင်းများ မြစ်ထဲတွင် မကြာမကြာမျောပါနေကြရသည်။ သူပုန်နှင့်ဆက်စပ်သည်ဆိုပြီး မသင်္ကာဖြင့်ဖမ်းဆီးသွားပြီး မိသားစုနှင့်အဆက် အသွယ်ပြတ်နေသူများ၊ အချုပ်ခန်းထဲမှာနေရင်း မိမိခေါင်းကို နံရံဖြင့် ဘယ်နှစ်ချက်ထုပြီးသေသွားသည်ဆိုသော ပြန်လာပို့သောအ လောင်းများ၊ ယင်းကဲ့သို့လုပ်နေသည်ကို နိုင်ငံတော်မှာအမြင့်ဆုံးတာဝန်ရှိသူကိုယ်တိုင် က စစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သည်ကို ချီးကျူးခြင်းများ စသည့် ယဉ်ကျေးသည့် လုပ်ရပ်များကို မြင်နေကြ့ရပါသည်။ သို့ဆိုလျှင် ယဉ်ကျေးသူများသည် မသိနားမလည် သောပြည်သူများကို ဘယ်ကဲ့သို့သဘောထားနေသည်ဆိုသည့် အချက်ကရှင်းလင်းပါသည်။

ဗုဒ္ဓစာပေများ၏ သံယောင်ကိုလိုက်ပြီးရေးရလျှင် သူတို့သည်ယခုတွင်မှယဉ်ကျေးကြသည် မဟုတ်ဘဲ အနှစ်နှစ်အလလ တိုင်းပြည် ရန်စွယ်ကိုဖြေရှင်းခဲ့ကြရာတွင်လည်း ယဉ်ကျေး ခဲ့ဖူးပြီဟုဆိုရမလိုဖြစ်နေသည်။ စစ်အာဏာသိမ်းခါစ ဦးနေဝင်းလက်ထက် သီပေါစော်ဘွားကိုလွှတ်တော်တက်လမ်းတွင်ဖမ်းဆီးပြီးအလောင်းဖျောက်သည့်ကိစ္စသည်လည်း ယခုထိ တာဝန်ခံသူမရှိခဲ့။ ယခုအချိန်ထိလည်းမြောက်များလှသောလူ့အခွင့်ရေးချိုးဖောက်မှုများ၊ လက်လွတ်စပယ်လုပ်ဆောင်မှုများ ကြောင့်နိုင်ငံတကာ အဖွဲ့အစည်းများ၏စွပ်စွဲချက်ဖြင့် ICJ သို့ထိရောက်နေသော်လည်း ဥပေဒနှင့်အညီကျင့်ကြံလျှက်ရှိသည်ဆိုသော စကားဖြင့် ကာကွယ်နေကြဆဲဆိုသည်ကို တွေ့ရပါသည်။

ယင်းကဲ့သို့လုပ်ရပ်များသည် ကောင်းသည့်လက္ခဏာမဟုတ်ကြောင်း ကိုနိုင်ငံတော်တာဝန်ရှိသူများနှင့် နီးစပ်သည့် မည်သည့်ပညာသည် အုပ်စုကမှလည်း ဝေဖန်ပြောဆိုမှု၊ ထောက်ပြမှုများကိုမတွေ့ရပေ။ မကြာသေးမီကာလက သမ္မတရုံးပြောရေဆိုခွင့်ရှိသူ ဦးဇော်ဌေး ကလည်း မီဒီယာများရှေ့တွင်ပင် သံတမန်နည်းမဆန်သော အသုံးအနှုံးတစ်ခုဖြစ်သည့် “ စောက်” ဆိုသောစကားကိုပြောဆိုခဲ့ ပါသေးသည်။ ယင်းသို့ပြောဆိုမှုအတွက်လည်း မည်သည့်ဝန်ကြီးဌာနမှလည်း ရှုတ်ချခြင်း၊ သတိပြုမိ ခြင်းမျိုးကိုမတွေ့ရသေးသည်ကို ထောက်လျှင် ဂျဝဟာလာနေရူး၏ ပေးစာထဲတွင်ပါသလို အားရှိသူ၊ အင်အားရှိသူကသာပိုပြီးယဉ်ကျေးပါသည်ဟုပြောနေရသည့်အနေ အထားပင် ဖြစ်သည်။

သို့သော် မည်သို့ပင်မိမိတို့အနေဖြင့်မှန်ကန်သည်ဆိုစေကာမှု ပြည်သူသည် စုပေါင်းထားသောအသိဉာဏ်ပေါင်းစုံဖြစ်သည့်အတွက် ဟုတ်တိုင်းမှန်ရာကိုတော့အချိန်ကာလအ လျာက်သိလာကြမည်သာဖြစ်သည်။ ရွာကိုမီးရှို့ခြင်းသည် တစ်ဖွဲ့ကနေတစ်ဖွဲ့ကို မည်သို့ပင်စာရွက်ပေါ်တွင်လွှဲချ၊ မီဒီယာများတွင်ငြင်းခုန်နေသော်လည်း မည်သူတို့၏လက်ချက်ဖြစ်သည်ဆိုသည်ကိုတော့ မီးရှို့ခံရွာသားများသာအသိဆုံးဖြစ်သည်။ မိသားစုဝင်တစ်ဦးမတော်မတရားသောနည်းလမ်းဖြင့်ရုပ်ပျက်ဆင်းပျက်သေဆုံးရသည် ဆိုလျှင်လည်းမည်သည့်နည်းနှင့်ပင်ကာကွယ်ပြောဆိုစေကာမူကာယံကံရှင်မိသားစုကတော့မည်သူတို့၏ လက်ချက်ဆိုသည်ကိုတော့ သိကြမည်သာဖြစ်သည်။

ယင်းကြောင့် တိုင်းပြည်ဆိုသည်မှာ ကျေးလက်များကိုအခြေခံပြီးမြို့ပြများဖြစ်ပေါ်လာခြင်း၊မြို့ပြများ ပေါင်းပြီးမှ ပြည်နယ်၊ တိုင်းတို့အသီးသီးဖြစ်တည်လာသည့်အတွက် အခြေခံကျသော ကျေးလက် ကျေးရွာများသည် အလွန်တရာအရေးပါပါသည်။ တိုင်းပြည်သည် မော်တော်ကားတစ်စင်းဆိုလျှင် ရွာများသည် မရှိမဖြစ်သောဓာတ်ဆီများဖြစ်ပါသည်။ ယင်းကြောင့် ရပ်ရွာများကို မီးရှို့ခြင်းသည် တိုင်းပြည်ကိုဖျက်ဆီးခြင်းသာဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်းဖြစ်စေရွာကိုမီးရှို့ ပြီးတိုင်းပြည်ကို တည်ဆောက်၍မရနိုင်ပေ။

တသိမ့်သိမ့်ဒွန်စာအုပ်ထဲမှာပါသည့် စကားတစ်ခွန်းက “မိမိရပ်ရွာထဲက သောက်ရေကန် မှာ တံထွေးမထွေးနဲ့” ဆိုသည့်စကားပါ။ ယခုလည်း မိမိတို့နှင့်သက်ဆိုင်သည့်တိုင်းပြည်ထဲတွင် ရွာထိပ်ကသောက်ရေကန်ကို တံထွေးထွေးသလိုလုပ်ရပ်များကို မလုပ်မိကြဖို့၊ လုပ်မိသည့်သူများကိုလည်း တားဆီးကာကွယ်ဖို့လိုအပ်ပါလိမ့်မည်။ မိမိရပ်ရွာက သောက်ရေကန်ကိုတံထွေးထွေးမိလျှင်လည်း ကိုယ်တိုင်ပြန်သောက်ရမှာပဲဖြစ်သည်။ နိုင်ငံတော်အဝန်းအဝိုင်းတွင် ပျက်စီးမှုများသည် နိုင်ငံတော်နှင့်ဆိုင်သည့်အတွက် နိုင်ငံတကာမျက်နှာစာတွင်လည်း ပြည်သူများ၏ ဆိုးရွားစွာခံစားရမှုသည် အစိုးရတစ်ရပ်၏ မျက်နှာစာသာဖြစ်ကြောင်းကို ထောက်ပြကြမှာပဲဖြစ်သည်။ သားသမီးများညစ်ပတ်စုတ်ပဲ့နေလျှင် မိဘကိုသာအပြစ်တင်တတ်ကြသည့်သဘောပါ။

လက်နက်အားကိုးဖြင့် ထင်ရာစိုင်းသူများအနေဖြင့်လည်း စနစ်ကိုထည့်တွက်ကြဖို့လိုပါသည်။ တသိမ့်သိမ့်ဒွန်စာအုပ်ထဲမှ ဂါရမ်ဇာဆို သူက ဇာတ်လမ်း၏ အဓိကဇာတ်ကောင် ဂရီဂိုကိုပြောခဲ့သောစကားတစ်ခုကအလေးအနက်ထားစရာ။ ” မင်းမမြင်ဘူးလား။ စက်ရုံပိုင်ရှင်က ဗော့ဒကာအရက်ကိုဇိမ်ခံပြီး သောက်နေချိန်မှာ စစ်သားက ဘာမဟုတ်တဲ့သန်းတွေကို လိုက်သတ်နေရတယ်။ အရင်းရှင်ကအမြတ်တွေ သဲ့ယူတယ်။ အလုပ်သမားကတော့ ကျောပြောင်ပြီး ဗိုက်ဟောင်းလောင်းဖြစ်နေတယ်။ ငါတို့ကျင်လည်နေရတာ အဲဒီစနစ်ကွ” ဆိုသောစကားပါ။

စစ်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းဖြစ်နေသည့်အခါ စစ်ကိုဆွဲဆန့်ပြီး စီးပွားဖြစ်ထွန်းနေသူတို့ကြွေးကြော်လေ့ရှိသောစကားမှာ တိုင်းပြည်အတွက် ကာကွယ်မှုတိုင်းက တရားမျှတမှုရှိသည်ဆိုသော စကားပင်ဖြစ်သည်။ ယင်းစကားကိုမိန့် ဆိုခဲ့ဖူးသော နပိုလီယံလည်းဇာတ်သိမ်းမလှခဲ့ပေ။

ယင်းကြောင့် ပညာရှင်များအနေဖြင့်လည်း နှုတ်ဆိတ်နေခြင်းဖြင့် ရက်စက်မှုများကို အားပေးကူညီမှုမပြုလုပ်ကြဖို့လိုပါသည်ဟု ပြောကြားရင်း ဆောင်းပါးအားအဆုံးသတ်လိုက်ရပါသည်။

Western News- WN

စစ်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းဖြစ်နေသည့်အခါ စစ်ကိုဆွဲဆန့်ပြီး စီးပွားဖြစ်ထွန်းနေသူတို့ကြွေးကြော်လေ့ရှိသောစကားမှာ တိုင်းပြည်အတွက် ကာကွယ်မှုတိုင်းက တရားမျှတမှုရှိသည်ဆိုသော စကားပင််ဖြစ်သည်။ ယင်းစကားကိုမိန့် ဆိုခဲ့ဖူးသော နပိုလီယံလည်းဇာတ်သိမ်းမလှခဲ့့ပေ။

ယင်းကြောင့် ပညာရှင်များအနေဖြင့်လည်း နှုတ်ဆိတ်နေခြင်းဖြင့် ရက်စက်မှုများကို အားပေးကူညီမှုမပြုလုပ်ကြဖို့လိုပါသည်ဟု ပြောကြားရင်း ဆောင်းပါးအားအဆုံးသတ်လိုက်ရပါသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်