ရခိုင္စစ္ေျမျမင္မွ ဥပေဒအကာကြယ္မဲ့စြာ ေၾကြလြင့္ခဲ့ရေသာ အမ်ိဳးသမီးမ်ား


ရခိုင္စစ္ေျမျမင္မွ ဥပေဒအကာကြယ္မဲ့စြာ ေၾကြလြင့္ခဲ့ရေသာ အမ်ိဳးသမီးမ်ား


Western News- ေဆာင္းပါး၊ ဇင္သန္႔ ေရးသားသည္


သုႆန္ဇရပ္ေပၚတြင္ ကူညီလုပ္ေဆာင္ေပးေနသူတစ္ခ်ဳိ႕ႏွင့္ မိသားစုဝင္အနည္းငယ္မွာ အလုပ္ရႈပ္ေနၾကသည္။ မိခင္ျဖစ္သူ ဆံုးပါးသြား ရွာသည္ကို မသိေသးသည့္ အသက္ ၁ ႏွစ္ခြဲအရြယ္ ကေလးငယ္တစ္ဦးသည္ မိခင္ျဖစ္သူ၏ ရုပ္အေလာင္းကိုထည့္ထားေသာ အေခါင္းေပၚက သူ႔၏ ဆာေလာင္မႈကို ေျဖေဖ်ာက္ေပးဖို႔ ႏို႔ရည္ခ်ဳိေသာက္သံုးခြင့္ေတာင္းေနသည္။ သို႔ေသာ္ မိခင္ျဖစ္သူကား သံေယာဇဥ္အားလံုးျဖတ္ထားခဲ့ေလၿပီ။ ဇရပ္၏ ေထာင့္တစ္ေနရာ၌ အသက္ ၁၀ ႏွစ္အရြယ္ကေလးငယ္တစ္ဦးႏွင့္ ၆ ႏွစ္အရြယ္ ကေလးတစ္ဦးတို႔မွာ ညိဳးငယ္စြာျဖင့္ ထိုင္းရင္း မိခင္ျဖစ္သူ၏ အသုဘအတြက္ ေဆာင္ရြက္ေနၾကပံုမ်ားကို ၾကည့္ရႈေနၾကသည္။

အထက္ပါျဖစ္စဥ္သည္ စက္တင္ဘာလ ၁၂ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာေက်းရြာမွ ေဒၚမေစာဝင္း၏ အသုဘျမင္ကြင္းပင္ ျဖစ္သည္။ ေဒၚမေစာဝင္းသည္ က်ဘန္းလုပ္ကိုင္စားေသာက္ေနသူတစ္ဦးျဖစ္ၿပီး သူ႔မွာ ကေလး ၅ ဦးခန္႔ရွိသည္။ လြန္ခဲ့ေသာ ၅ လခန္႔က ကင္ဆာေရာဂါျဖင့္ ခင္ပြန္းျဖစ္သူဆံုးပါးသြားၿပီးေနာက္ ကေလးတစ္အုပ္ၾကီးႏွင့္ က်န္ရစ္ခဲ့ရသလို သူ႔၏ ဝမ္းၾကာတိုက္တြင္လည္း ကိုယ္ဝန္ရွိေနခဲ့သည္။ စက္တင္ဘာလ ၁၂ ရက္ေန႔ နံနက္ပိုင္းတြင္ သူဗိုက္နာလာသည့္အတြက္ ကေလးေမြးဖြားရန္ျပင္ဆင္ၾကေသာ္လည္း ေမြးဖြားရန္ အခက္အခဲရွိသျဖင့္ ရေသ့ေတာင္ၿမိဳ႕ေဆးရံုကိုပို႔ေဆာင္ရန္ စီစဥ္ၾကသည့္အခါ တပ္မေတာ္မွ ဇက္သေဘၤာမ်ား ရွိေနသည့္အတြက္မသြားရဲၾကဟု ဆိုသည္။

လူနာသည္ ေဝဒနာကိုအလူးအလိမ့္ခံရင္း ညေနပိုင္းတြင္ ၿပိန္းေတာေက်းရြာမွ စက္ေလွျဖင့္သြားလွ်င္ ၁ နာရီခန္႔ေဝးသည့္ ေစတီျပင္ ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရသည္ဟု ေဒၚမေစာဝင္း၏ ေယာက္ခမေတာ္စပ္ သူကေျပာသည္။

“မြန္းတည့္ကသူမက ဗိုက္နာေနတာ။ ကြ်န္ေတာ္သိရတာကေတာ့ ေနဝင္ခါနီးမွသိရတယ္။ ဆိုေတာ့ ရေသ့ေတာင္က တစ္ေယာက္ကို ဖုန္းေမးေတာ့ ၆ နာရီဆိုရင္ ဇက္သေဘၤာရွိတဲ့အတြက္ ေက်ာ္ျဖတ္လို႔မရဘူးဆိုေတာ့ ေစတီျပင္ကိုေရာက္သြားတယ္။ ေစတီျပင္ေဆးရံုကို ေရာက္လို႔ ၁ နာရီေလာက္ပဲေနႏိုင္ခဲ့တယ္”ဟုဆိုသည္။

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ AA တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားေနသည္မွာ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္းမွ ယခု ၂၀၂၀ ဆိုလွ်င္ ၂ ႏွစ္နီးပါးခန္႔ၾကာျမင့္လာၿပီျဖစ္သည္။ တိုက္ပြဲမ်ားေၾကာင့္ လူေပါင္း ၂၀၀၀၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ကာ ကယ္ဆယ္ေရးစခန္းမ်ား၌ ေနထိုင္လွ်က္ရွိေနၾကသည္။ သို႔ေသာ္ စစ္ပြဲမ်ား၏ အရွိန္အဟုန္မွာ ျမင့္မားေနဆဲျဖစ္သည္။ စစ္၏ ဆိုးက်ိဳးမ်ားေၾကာင့္ အမ်ိဳးသမီးမ်ားမွာ နက္လက္ေၾကာင့္ေသဆံုးေနၾကရသလို စစ္ေဘးေရွာင္စခန္းမ်ားတြင္ ဆင္းရဲက်ပ္တည္းစြာေနထိုင္ေနၾကသည့္အတြက္ မိမိ၏ ဘဝကို အဆံုးစီရင္မႈမ်ားလည္းရွိေနသည္။

ၿပီးခဲ့သည္ စက္တင္ဘာလ ၂၇ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်းရြာမွ ေကာက္စိုက္ၿပီး ျပန္လာသည့္ အမ်ိဳးသမီး ၄ ဦးကို တပ္မေတာ္မွပစ္ခတ္သျဖင့္ ဒဏ္ရာ ၃ ဦးဒဏ္ရာရရွိကာ ၁ ဦးေသဆံုးခဲ့ရသည္။

ယင္းအျပင္ စက္တင္ဘာလ ၈ ရက္ေန႔ကလည္း ေျမပံုၿမိဳ႕နယ္၊ ေညာင္ကန္ေက်းရြာမွ လက္နက္ႀကီးက်သျဖင့္ ၁၁ ဦးဒဏ္ရာရရွိကာ ၄ ဦးေသဆံုးခဲ့သည္။ ယင္းအထဲတြင္ အသက္ ၂၉ ႏွစ္အရြယ္ မူလတန္းျပဆရာမ ေဒၚမိုးသဇင္ႏွင့္ သမီးျဖစ္သူ အသက္ ၇ ႏွစ္အရြယ္ မသူသူဟိန္းတို႔လည္းပါဝင္သည္။

“ကြ်န္ေတာ္အမ်ိဳးသမီးနဲ႔ သမီးနဲ႔က အိမ္မွာပါ။ ကြ်န္ေတာ္ကအျပင္ေရာက္ေနတယ္။ အသံၾကားမွပဲသိတာ ရြာထဲက်ၿပီး ဂ်ိမ္း၊ ဂ်ိမ္းလို႔ေပါက္ကြဲတဲ့ အခါမွသိတာ။ မထင္မွတ္ဘဲလာက်တာ”ဟု ေဒၚမိုးသဇင္၏ အမ်ိဳးသားျဖစ္သူ ကိုေလးဝင္းေက်ာ္ကေျပာသည္။

စက္တင္ဘာလ ၈ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕ေပၚရွိကယ္ဆယ္ေရးစခန္းတြင္ ေနထိုင္သည့္ ကေလး၂ ေယာက္မိခင္တစ္ဦး အဆိပ္ေသာက္ၿပီး မိမိကိုယ္ကိုယ္အဆံုးစီရင္သြားခဲ့ေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊ၏ Facebook စာမ်က္ႏွ၌ ေဖာ္ျပထားသည္။ Western News သတင္းဌာန၏ စံုစမ္းမႈအရ ေသဆံုးသူ အမ်ိဳးသမီး၏ လင္ျဖစ္သူႏွင့္ ေမာင္ျဖစ္သူတို႔မွာ အရက္ေသစာေသာက္စားၿပီး မၾကာခဏစကားၾကေၾကာင္း ယင္းေၾကာင့္ စိတ္ဖိစီးမႈမ်ားကာ အဆိပ္ေသာက္လိုက္ျခင္းျဖစ္ႏိုင္ေၾကာင္းသိရသည္။

စစ္အတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျပစ္မဲ့ကေလးငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ား ေသဆံုးဒဏ္ရာရရွိမႈမ်ား၊ အၾကမ္းဖက္ခံရမႈမ်ား အတြက္ အကာအကြယ္ေပးသည့္ ဥပေဒ(သို႔မဟုတ္)အဖြဲ႔အစည္းမ်ားလည္းရွိမေနေပ။ ယင္းသို႔အေျခမ်ားႏွင့္ပတ္သက္ၿပီး ရခုိင္ဦးေဆာင္အမ်ိဳးသမီးမ်ားအဖြဲ႔ ဥကၠဌ ေဒၚေစာစံၿငိမ္းသူက ယခုလိုေျပာဆိုသည္။

“တိုက္ပြဲေဒသကအမ်ိဳးသမီးေတြဘဝ လံုျခံဳဖို႔ဆိုလို႔ရွိရင္ ကမၻာကုလသမဂၢလံုျခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္ အမွတ္ ၁၃၂၅ ကိုအေျခခံၿပီးေတာ့ အမ်ိဳးသမီးေတြကို ႀကိဳတင္ကာကြယ္ျခင္းဆိုင္ရာနဲ႔ ယင္းကာကြယ္ေစာင့္ ေရွာက္ျခင္းဆုိင္ရာအတြက္ကို ပါဝင္ၿပီးေတာ့လုပ္ေဆာင္ဖို႔အတြက္ အမ်ိဳးသမီးေတြပါဝင္မႈနဲ႔ပတ္သက္တဲ့ အဖြဲ႔အစည္းေတြကို ဖြဲ႔စည္းထားၿပီးသားရွိေနရမယ္။ အခုကအဲဒီလို အေျခအေနမ်ိဳးမရွိတဲ့အတြက္ ဒီအမ်ိဳးသမီးေတြဘဝဟာ နည္းမ်ိဳးစံုနဲ႔ လံုျခံဳမႈကင္းမဲ့တဲ့ အေျခအေနေတြကို ၾကံဳေတြ႕ေနရတာပါ”ဟုေျပာသည္။

ေဒသတြင္းဆင္းရဲမြဲတည္မႈမွတစ္ဆင့္ စစ္ေၾကာင့္ျဖစ္လာရေသာ အၾကပ္အတည္းမ်ားအျပင္ ယခုတစ္ခါ ကိုဗစ္ကပ္ေရာဂါဆိုး၏ အႏၱရာယ္ႏွင့္ပါၾကံဳေတြ႕ေနရသည့္အတြက္ လူထု၏ စီးပြားေရး ခြ်တ္ျခံဳက်ကာ လူဦးေရ ျပြတ္သိပ္ေသာ စစ္ေရွာင္စခန္းမ်ား၌ ေနထိုင္ၾကရမႈသည္။ အမ်ိဳးသမီးမ်ားအတြက္ လံုျခံဳမႈကင္းမဲ့ၿပီး နည္းလမ္း ေပါင္းစံုႏွင့္ ၿခိမ္းေျခာက္မႈမ်ားလည္းရွိေနသည္။

ၿပီးခဲ့သည့္ ဇြန္လ ၃ ရက္ေန႔က ည ၁၁ နာရီေက်ာ္အခ်ိန္ခန္႔က ရေသ့ေတာင္ၿမိဳ႕နယ္၊ ဥဂါေက်းရြာမွ အသက္ ၃၆ ႏွစ္အရြယ္ ကေလး ၄ ေယာက္မိခင္အမ်ိဳးသမီး တစ္ေယာက္ကို တပ္မေတာ္သား ၃ ဦးမွ ရြာထဲသို႔ဝင္ေရာက္ ေခၚေဆာင္ၿပီး အဓမၼျပဳက်င့္ခဲ့ၾကသည္။ ယင္းအျပင္ ကေလးေမြးဖြားထားသည္မွာ ရက္ပိုင္းသာရွိေသးသည့္ သူ႔သမီးျဖစ္သူကိုလည္း အဓမၼျပဳက်င့္ရန္ၾကံစဥ္ခဲ့ၾကသည္။ ထိုကိစၥႏွင့္ပတ္သက္ၿပီး အစပိုင္းတြင္ တပ္မေတာ္ဘက္မွ ျငင္းဆန္ခဲ့ေသာ္လည္း ေနာက္ဆံုးတြင္ဝန္ခံခဲ့သည္။

အမ်ိဳးသမီးတစ္ခ်ိဳ႕တြင္ လင္ေယာက်ၤားမ်ား ဖမ္းဆီးခံရျခင္း၊ ေပ်ာက္ဆံုးသြားျခင္း၊ သတ္ျဖတ္ခံရမႈမ်ားလည္း ရွိေနသည့္အတြက္ အားကိုးမဲ့ျဖစ္သြားရသလို စားဝတ္ေနေရးအပုိင္းတြင္ အမ်ိဳးသမီးမ်ားကိုယ္တိုင္ ရုန္းကန္လာရသည့္အတြက္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ေနၾကရေၾကာင္း၊ စစ္အတြင္းအမ်ိဳးသမီးမ်ား၏ ဘဝလံုျခံဳမႈ ရွိေစရန္ ဝိုင္းဝန္းတည္ေဆာက္ရမည္ျဖစ္ေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကသံုးသပ္သည္။

“ဒါေတြကေတာ့ အားလံုးပူးေပါင္းၿပီး လုပ္ေဆာင္ၾကရမယ္။ ဥပမာ စစ္ေဘးေရွာင္ေတြအေနနဲ႔ သူမ်ားေနရာေတြမွာ မွီခိုေနရတဲ့အတြက္ အဆင္မေျပမႈေတြရွိတဲ့အခါ၊ ဒီဟာေတြကိုဘယ္လိုေျဖရွင္း ေပးရမွာလည္းဆိုတာ အစိုးရပိုင္းမွာလည္းတာဝန္ရွိတယ္”ဟုေျပာသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာေက်းရြာမွ ကိုယ္ဝန္အရင့္အမာျဖင့္ေသဆံုးခဲ့သူ ေဒၚမေစာဝင္းတြင္ က်န္ခဲ့သည့္ ကေလး ၅ ဦးအတြက္ မည္သို႔စီစဥ္ထားေၾကာင္း ဆက္သြယ္ေမးျမန္းရာတြင္ ကေလးမ်ားကို တစ္စုတစ္လံုးတည္းထားလိုေၾကာင္း ေဒၚမေစာဝင္း၏ မိေထြးေတာ္စပ္သူကေျပာသည္။

“ကြ်န္မကေတာ့ အားလံုးတစ္စုတစ္လံုးတည္းထားခ်င္တယ္။ ကြ်န္မကေတာ့ ဒီကေလးေတြကို ကြ်န္မနဲ႔ပဲ ထားခ်င္တယ္။”ဟုေျပာသည္။

ပစ္ခတ္မႈမ်ားေၾကာင့္ ေသဆံုး၊ ဒဏ္ရာရမႈမ်ားအတြက္ တပ္မေတာ္ႏွင့္ AA တို႔ၾကား အျပန္အလွန္စြပ္စြဲမႈက လြဲ၍ မည္သည့္ အကာ အကြယ္မွ မရၾကသလို၊ ရခိုင္ျပည္နယ္အစိုးရေနျဖင့္လည္း စစ္အတြင္းေသဆံုး၊ ဒဏ္ရာရၾကသည့္ ကေလးသူငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ား အတြက္ မည့္သည့္အကာအကြယ္မွမေပးႏုိင္ေပ။
လက္ရွိအေျခအေနမ်ားအေပၚ ေျမပံုၿမိဳ႕နယ္၊ ေညာင္ကန္ေက်းရြာမွ ေဒၚမိုးသဇင္၏ အမ်ိဳးသားျဖစ္သူ ကိုေလးဝင္းေက်ာ္က ယခုလို ေျပာဆိုသည္။

“ကြ်န္ေတာ့္အေနနဲ႔ကေတာ့ ျမန္မာ့တပ္မေတာ္ကို ရခိုင္ျပည္နယ္ကေတာ့ ၿငိမ္ခ်မ္းစြာနဲ႔ အျမန္ဆံုးထြက္သြားေစခ်င္တယ္။ အခုက ဒီလိုပဲျဖစ္ေနေတာ့ ေနာက္လည္းလူေတြလည္း အႏၱရာယ္ရွိႏုိင္တယ္။ ဆိုေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးၿပီး တစ္ခုခုၿငိမ္းခ်မ္းေရးရၿပီး ျမန္မာ့တပ္မေတာ္ကို ရခိုင္ျပည္ထဲက အျမန္ဆံုး ထြက္သြားေစခ်င္ပါတယ္”ဟုဆိုသည္။

Western News- ေဆာင္းပါး၊ ဇင္သန္႔ ေရးသားသည္။
ရခိုင်စစ်မြေမြင်မှ ဥပဒေအကာကွယ်မဲ့စွာ ကြွေလွင့်ခဲ့ရသော အမျိုးသမီးများ
Western News- ဆောင်းပါး၊ ဇင်သန့် ရေးသားသည်
သုဿန်ဇရပ်ပေါ်တွင် ကူညီလုပ်ဆောင်ပေးနေသူတစ်ချို့နှင့် မိသားစုဝင်အနည်းငယ်မှာ အလုပ်ရှုပ်နေကြသည်။ မိခင်ဖြစ်သူ ဆုံးပါးသွား ရှာသည်ကို မသိသေးသည့် အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသည် မိခင်ဖြစ်သူ၏ ရုပ်အလောင်းကိုထည့်ထားသော အခေါင်းပေါ်က သူ့၏ ဆာလောင်မှုကို ဖြေဖျောက်ပေးဖို့ နို့ရည်ချိုသောက်သုံးခွင့်တောင်းနေသည်။ သို့သော် မိခင်ဖြစ်သူကား သံယောဇဉ်အားလုံးဖြတ်ထားခဲ့လေပြီ။ ဇရပ်၏ ထောင့်တစ်နေရာ၌ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် ၆ နှစ်အရွယ် ကလေးတစ်ဦးတို့မှာ ညိုးငယ်စွာဖြင့် ထိုင်းရင်း မိခင်ဖြစ်သူ၏ အသုဘအတွက် ဆောင်ရွက်နေကြပုံများကို ကြည့်ရှုနေကြသည်။

အထက်ပါဖြစ်စဉ်သည် စက်တင်ဘာလ ၁၂ ရက်နေ့က ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ ဒေါ်မစောဝင်း၏ အသုဘမြင်ကွင်းပင် ဖြစ်သည်။ ဒေါ်မစောဝင်းသည် ကျဘန်းလုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ပြီး သူ့မှာ ကလေး ၅ ဦးခန့်ရှိသည်။ လွန်ခဲ့သော ၅ လခန့်က ကင်ဆာရောဂါဖြင့် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် ကလေးတစ်အုပ်ကြီးနှင့် ကျန်ရစ်ခဲ့ရသလို သူ့၏ ဝမ်းကြာတိုက်တွင်လည်း ကိုယ်ဝန်ရှိနေခဲ့သည်။ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သူဗိုက်နာလာသည့်အတွက် ကလေးမွေးဖွားရန်ပြင်ဆင်ကြသော်လည်း မွေးဖွားရန် အခက်အခဲရှိသဖြင့် ရသေ့တောင်မြို့ဆေးရုံကိုပို့ဆောင်ရန် စီစဉ်ကြသည့်အခါ တပ်မတော်မှ ဇက်သင်္ဘောများ ရှိနေသည့်အတွက်မသွားရဲကြဟု ဆိုသည်။

လူနာသည် ဝေဒနာကိုအလူးအလိမ့်ခံရင်း ညနေပိုင်းတွင် ပြိန်းတောကျေးရွာမှ စက်လှေဖြင့်သွားလျှင် ၁ နာရီခန့်ဝေးသည့် စေတီပြင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဒေါ်မစောဝင်း၏ ယောက်ခမတော်စပ် သူကပြောသည်။

“မွန်းတည့်ကသူမက ဗိုက်နာနေတာ။ ကျွန်တော်သိရတာကတော့ နေဝင်ခါနီးမှသိရတယ်။ ဆိုတော့ ရသေ့တောင်က တစ်ယောက်ကို ဖုန်းမေးတော့ ၆ နာရီဆိုရင် ဇက်သင်္ဘောရှိတဲ့အတွက် ကျော်ဖြတ်လို့မရဘူးဆိုတော့ စေတီပြင်ကိုရောက်သွားတယ်။ စေတီပြင်ဆေးရုံကို ရောက်လို့ ၁ နာရီလောက်ပဲနေနိုင်ခဲ့တယ်”ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှ ယခု ၂၀၂၀ ဆိုလျှင် ၂ နှစ်နီးပါးခန့်ကြာမြင့်လာပြီဖြစ်သည်။ တိုက်ပွဲများကြောင့် လူပေါင်း ၂၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်လျှက်ရှိနေကြသည်။ သို့သော် စစ်ပွဲများ၏ အရှိန်အဟုန်မှာ မြင့်မားနေဆဲဖြစ်သည်။ စစ်၏ ဆိုးကျိုးများကြောင့် အမျိုးသမီးများမှာ နက်လက်ကြောင့်သေဆုံးနေကြရသလို စစ်ဘေးရှောင်စခန်းများတွင် ဆင်းရဲကျပ်တည်းစွာနေထိုင်နေကြသည့်အတွက် မိမိ၏ ဘဝကို အဆုံးစီရင်မှုများလည်းရှိနေသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ကောက်စိုက်ပြီး ပြန်လာသည့် အမျိုးသမီး ၄ ဦးကို တပ်မတော်မှပစ်ခတ်သဖြင့် ဒဏ်ရာ ၃ ဦးဒဏ်ရာရရှိကာ ၁ ဦးသေဆုံးခဲ့ရသည်။

ယင်းအပြင် စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျသဖြင့် ၁၁ ဦးဒဏ်ရာရရှိကာ ၄ ဦးသေဆုံးခဲ့သည်။ ယင်းအထဲတွင် အသက် ၂၉ နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်မိုးသဇင်နှင့် သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် မသူသူဟိန်းတို့လည်းပါဝင်သည်။

“ကျွန်တော်အမျိုးသမီးနဲ့ သမီးနဲ့က အိမ်မှာပါ။ ကျွန်တော်ကအပြင်ရောက်နေတယ်။ အသံကြားမှပဲသိတာ ရွာထဲကျပြီး ဂျိမ်း၊ ဂျိမ်းလို့ပေါက်ကွဲတဲ့ အခါမှသိတာ။ မထင်မှတ်ဘဲလာကျတာ”ဟု ဒေါ်မိုးသဇင်၏ အမျိုးသားဖြစ်သူ ကိုလေးဝင်းကျော်ကပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ပေါ်ရှိကယ်ဆယ်ရေးစခန်းတွင် နေထိုင်သည့် ကလေး၂ ယောက်မိခင်တစ်ဦး အဆိပ်သောက်ပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ Facebook စာမျက်နှ၌ ဖော်ပြထားသည်။ Western News သတင်းဌာန၏ စုံစမ်းမှုအရ သေဆုံးသူ အမျိုးသမီး၏ လင်ဖြစ်သူနှင့် မောင်ဖြစ်သူတို့မှာ အရက်သေစာသောက်စားပြီး မကြာခဏစကားကြကြောင်း ယင်းကြောင့် စိတ်ဖိစီးမှုများကာ အဆိပ်သောက်လိုက်ခြင်းဖြစ်နိုင်ကြောင်းသိရသည်။

စစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အပြစ်မဲ့ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးဒဏ်ရာရရှိမှုများ၊ အကြမ်းဖက်ခံရမှုများ အတွက် အကာအကွယ်ပေးသည့် ဥပဒေ(သို့မဟုတ်)အဖွဲ့အစည်းများလည်းရှိမနေပေ။ ယင်းသို့အခြေများနှင့်ပတ်သက်ပြီး ရခိုင်ဦးဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ယခုလိုပြောဆိုသည်။

“တိုက်ပွဲဒေသကအမျိုးသမီးတွေဘဝ လုံခြုံဖို့ဆိုလို့ရှိရင် ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ကိုအခြေခံပြီးတော့ အမျိုးသမီးတွေကို ကြိုတင်ကာကွယ်ခြင်းဆိုင်ရာနဲ့ ယင်းကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာအတွက်ကို ပါဝင်ပြီးတော့လုပ်ဆောင်ဖို့အတွက် အမျိုးသမီးတွေပါဝင်မှုနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ဖွဲ့စည်းထားပြီးသားရှိနေရမယ်။ အခုကအဲဒီလို အခြေအနေမျိုးမရှိတဲ့အတွက် ဒီအမျိုးသမီးတွေဘဝဟာ နည်းမျိုးစုံနဲ့ လုံခြုံမှုကင်းမဲ့တဲ့ အခြေအနေတွေကို ကြုံတွေ့နေရတာပါ”ဟုပြောသည်။

ဒေသတွင်းဆင်းရဲမွဲတည်မှုမှတစ်ဆင့် စစ်ကြောင့်ဖြစ်လာရသော အကြပ်အတည်းများအပြင် ယခုတစ်ခါ ကိုဗစ်ကပ်ရောဂါဆိုး၏ အန္တရာယ်နှင့်ပါကြုံတွေ့နေရသည့်အတွက် လူထု၏ စီးပွားရေး ချွတ်ခြုံကျကာ လူဦးရေ ပြွတ်သိပ်သော စစ်ရှောင်စခန်းများ၌ နေထိုင်ကြရမှုသည်။ အမျိုးသမီးများအတွက် လုံခြုံမှုကင်းမဲ့ပြီး နည်းလမ်း ပေါင်းစုံနှင့် ခြိမ်းခြောက်မှုများလည်းရှိနေသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က ည ၁၁ နာရီကျော်အချိန်ခန့်က ရသေ့တောင်မြို့နယ်၊ ဥဂါကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ကလေး ၄ ယောက်မိခင်အမျိုးသမီး တစ်ယောက်ကို တပ်မတော်သား ၃ ဦးမှ ရွာထဲသို့ဝင်ရောက် ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ကြသည်။ ယင်းအပြင် ကလေးမွေးဖွားထားသည်မှာ ရက်ပိုင်းသာရှိသေးသည့် သူ့သမီးဖြစ်သူကိုလည်း အဓမ္မပြုကျင့်ရန်ကြံစဉ်ခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အစပိုင်းတွင် တပ်မတော်ဘက်မှ ငြင်းဆန်ခဲ့သော်လည်း နောက်ဆုံးတွင်ဝန်ခံခဲ့သည်။

အမျိုးသမီးတစ်ချို့တွင် လင်ယောကျင်္ားများ ဖမ်းဆီးခံရခြင်း၊ ပျောက်ဆုံးသွားခြင်း၊ သတ်ဖြတ်ခံရမှုများလည်း ရှိနေသည့်အတွက် အားကိုးမဲ့ဖြစ်သွားရသလို စားဝတ်နေရေးအပိုင်းတွင် အမျိုးသမီးများကိုယ်တိုင် ရုန်းကန်လာရသည့်အတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရကြောင်း၊ စစ်အတွင်းအမျိုးသမီးများ၏ ဘဝလုံခြုံမှု ရှိစေရန် ဝိုင်းဝန်းတည်ဆောက်ရမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကသုံးသပ်သည်။

“ဒါတွေကတော့ အားလုံးပူးပေါင်းပြီး လုပ်ဆောင်ကြရမယ်။ ဥပမာ စစ်ဘေးရှောင်တွေအနေနဲ့ သူများနေရာတွေမှာ မှီခိုနေရတဲ့အတွက် အဆင်မပြေမှုတွေရှိတဲ့အခါ၊ ဒီဟာတွေကိုဘယ်လိုဖြေရှင်း ပေးရမှာလည်းဆိုတာ အစိုးရပိုင်းမှာလည်းတာဝန်ရှိတယ်”ဟုပြောသည်။

ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ ကိုယ်ဝန်အရင့်အမာဖြင့်သေဆုံးခဲ့သူ ဒေါ်မစောဝင်းတွင် ကျန်ခဲ့သည့် ကလေး ၅ ဦးအတွက် မည်သို့စီစဉ်ထားကြောင်း ဆက်သွယ်မေးမြန်းရာတွင် ကလေးများကို တစ်စုတစ်လုံးတည်းထားလိုကြောင်း ဒေါ်မစောဝင်း၏ မိထွေးတော်စပ်သူကပြောသည်။

“ကျွန်မကတော့ အားလုံးတစ်စုတစ်လုံးတည်းထားချင်တယ်။ ကျွန်မကတော့ ဒီကလေးတွေကို ကျွန်မနဲ့ပဲ ထားချင်တယ်။”ဟုပြောသည်။

ပစ်ခတ်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရမှုများအတွက် တပ်မတော်နှင့် AA တို့ကြား အပြန်အလှန်စွပ်စွဲမှုက လွဲ၍ မည်သည့် အကာ အကွယ်မှ မရကြသလို၊ ရခိုင်ပြည်နယ်အစိုးရနေဖြင့်လည်း စစ်အတွင်းသေဆုံး၊ ဒဏ်ရာရကြသည့် ကလေးသူငယ်များနှင့် အမျိုးသမီးများ အတွက် မည့်သည့်အကာအကွယ်မှမပေးနိုင်ပေ။
လက်ရှိအခြေအနေများအပေါ် မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဒေါ်မိုးသဇင်၏ အမျိုးသားဖြစ်သူ ကိုလေးဝင်းကျော်က ယခုလို ပြောဆိုသည်။

“ကျွန်တော့်အနေနဲ့ကတော့ မြန်မာ့တပ်မတော်ကို ရခိုင်ပြည်နယ်ကတော့ ငြိမ်ချမ်းစွာနဲ့ အမြန်ဆုံးထွက်သွားစေချင်တယ်။ အခုက ဒီလိုပဲဖြစ်နေတော့ နောက်လည်းလူတွေလည်း အန္တရာယ်ရှိနိုင်တယ်။ ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပြီး တစ်ခုခုငြိမ်းချမ်းရေးရပြီး မြန်မာ့တပ်မတော်ကို ရခိုင်ပြည်ထဲက အမြန်ဆုံး ထွက်သွားစေချင်ပါတယ်”ဟုဆိုသည်။

Western News- ဆောင်းပါး၊ ဇင်သန့် ရေးသားသည်။

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်